Pages

Monday, 8 October 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးရာ ဖက်ရှင်



မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စား ဆင်ယင်မှုဟာ မြန်မာမိန်းကလေး များကြားမှာ ဖက်ရှင် တခု လိုဖြစ်နေတာ ကြာပါပြီ။

ပြည်တွင်း ချည်းထည်ဈေးကွက်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချည်ထည် ရိုးရိုးလေး ဖက်ရှင်တွေ 
ကြောင့် ရောင်းအားအလွန်တက်လာတယ်ဆိုတာလည်း သတင်းတွေက ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ၀တ်တဲ့ ချည်ထည်လေးတွေက ဈေးလည်း သိပ်မကြီးသလို အမြင်လည်း ရိုးပြီး ဆန်းစေတာကြောင့် မြန်မာမိန်းကလေးတွေ စွဲမက်လာကြတာပါ။




 
ချည်ထည်လေးတွေချည်း တမျိုးနဲ့ တမျိုး မရိုးအောင် ၀တ်စားဆင်ယင်တတ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးခင်က နိုင်ငံတကာ ခရီးစဉ်တွေမှာလည်း အနောက်တိုင်းသူတွေ ငေး ယူရတဲ့အခြေအနေပါ။ 







 မြန်မာ့ ရိုးရား ၀တ်စားဆင်ယင်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ကြားမှုနဲ့ ပေါင်းစပ်ပြီး ကမ္ဘာ့အလယ် မှာ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပါ ပြီ။ 



အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ရေိုးရာ ၀တ်စားဆင်ယင်မှု နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို စုစည်းပြီး စာအုပ်စင်ကဏ္ဍမှာ စာအုပ်ကြော်ညာ ပါလာပါတယ်။ ဆရာ ကောင်းစံက စုစည်း တင်ပြ ထား တာပါတဲ့။ 



news ... Moon Angle

No comments:

Post a Comment