ကြည်း၊ရေ၊လေတပ်တွေချဲ့
မီးရေတွေပြတ်လေရဲ့
ငတ်နေတဲ့ မြန်မာပြည်…။
သံယံဇာတတွေပေါ
လူတောမှာလူချောတွေဖြစ်လာမယ့
လူသားစားတဲ့ခြသမားတွေ
လောက်တွေလိုပွားတဲ့စားဖါးတေ
များလာလေတဲ့အတွက်
အသက်မသေပေမယ့်
ရတက်ဝေ အခက်တွေပွေခဲ့ရတယ်…။
ဒီလိုအခြေ ဒီလိုအနေမှာ
ပြည်သူတွေတောင့်တ အားကိုးရတဲ့
မမာ့ဇာနည် ဒေါ်အောင်ဆန်းစုကြည်
ပေါ်လာခဲ့ရပြီ…။
အမေစုရဲ့ ကိုယ်ကျိုးကိုစွန့်
နောက်မတွန့် ကြောက်မရွံ့တဲ့စိတ်ဓါတ်နဲ့
တပ်လှန့်နှိုးကြား ကြိုးစားခဲ့တာကြောင့်
သူမရဲ့ ဂုဏ်သတင်း ကမ္ဘာတခုလုံး
တုန်ဆင်းခဲ့ပေတယ်…။
နှစ်ငါးဆယ်မှာ တခါကြား
အလှမယ်တပါးလည်း
ကမ္ဘာ့အလယ် အလှမယ်ရွေးချယ်ပွဲမှာ
ရနံ့ကြွယ်မွေးထုံ မြန်မာ့ဂုဏ်ကိုကွယ်
ထယ်ဝါလင်းကြွယ်စေခဲ့တယ်…။
Missosology’s People Choice Award
Miss Internet Award
ပရိသတ်စိတ်ကြိုက်ဆု နဲ့ အင်တက်နက်မယ်ဆု
ဤဆုနှစ်ဆု ဂုဏ်ပြုအပ်နှင်း ဂုဏ်သတင်းမွေးခဲ့သူသည်
နှစ်ငါးဆယ်မှာတခါကြားတဲ့ အလှမယ်တပါးပါ…။
သူကလေးရဲ့နာမည်က ပန်းအသွင်ဝေဆာမွေးတဲ့
နန်းခင်ဇေယျာလေးပါ…။
မီးမရ ရေမရတဲ့ကြားက
ပေါက်ဖွားလာရတဲ့ပြည်သူတွေ
ညီတူမသွေ အားပေးလို့
တအားမွှေးလာတဲ့ပန်းတပွင့်
လန်းစွင့်လို့ ကမ္ဘာ့အလယ်
ဂုဏ်ထယ်ခဲ့လေပြီ…။
ဂုဏ်ပြုပါသည် လှဧကရီ
အလှတွေဝေေ၀စီ…။
ပန်းအသွင်ဝေဆာမွှေးတဲ့
နန်းခင်ဇေယျာလေးရေ…..။
တက္ကသိုလ်ဘုန်းကြွယ်
(အောက်တိုဘာ ၂၁ ၂၀၁၂)

No comments:
Post a Comment