Pages

Thursday, 11 October 2012

ပတိပက္ခကြောင့် ဘင်္ဂလာဒေ့ရှ် မှ မောင်တော ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာမူ ရခိုင်မိသားစုများပြားလာ





စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သောဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကွက်ချ

စီစဉ်တိုက်ခိုက်မှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှနေ၍ မြန်မာနိုင်ငံ မောင်တောမြို့နယ်
 နစကနယ်မြေ(၂)ခမောင်းဆိပ်အပိုင်အောင်ဇူရွာသို့ရောက်ရှိနေကြသော ရခိုင်မိသားစု ဆယ်စုဝန်းကျင် ထွက်ပြေးရောက်ရှိလာခဲ့ကြသည်။
ထွက်ပြေးလာသူများမှာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြသည် ဟု ဆိုသည်။

စက်တင်ဘာလ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့တို့တွင် မြန်မာနိုင်ငံဘက်နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအကြားကူးသန်းနေကြသော အကြမ်းဖက်ဘင်္ဂါလီများက
 စီစဉ်အကွက်ချသည့်အတိုင်း မူဆလင် အကြမ်းဖက် ၀ါဒီတို့က ဘာသာမတူသူ
ရခိုင်မျိုးနွယ်စုများ၊ ဘရူဝါလူမျိုးများ၊ ဗုဒ္ဓဘာသာဝင်များ၊

ဟိန္ဒူဘာသာဝင်များ၏ ဘုရားကျောင်းကန်များ၊ လူနေအိမ်ကိုမီးရှို့ဖျက်ဆီးခြင်းများ
 ဖြစ်ပွားသည့်နောက်ပိုင်း၊ အောက်တိုဘာလ (၁)ရက်နေ့ အာရုဏ်တက် အချိန်တွင်
မိမိတို့နေထိုင်ရာ ရွာများမှ ထွက်ကာ နယ်စပ်ရှိ ဝေလာတောင်ကို လမ်းပြအကူအညီဖြင့် ဖြတ်ကျော်ပြီး မောင်တောမြို့နယ် နစက အမှတ်(၆) နယ်မြေအတွင်းသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

အခြားကျန်ခဲ့သောရခိုင်မျိုးနွယ်စုတို့မှာများသောအားဖြင့် မြန်မာပြည်ဖက်သို့ ပြောင်းရွှေ့
လာလိုကြသော်လည်းယခုမိသားစုများထွက်ပြေးလာပြီးနောက်ပိုင်း၊ နောက်ထပ်နယ်
စပ်ဖြတ်ကျော်ထွက်ပြေးသည့် ရခိုင်ဒုက္ခသည်များ မရှိရလေအောင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်
တပ်ဖွဲ့က ယခုအခါ ကောင်းစွာ ပိတ်ဆို့ထားသည်ဟု ဆိုသည်။

 မြန်မာဘက်မှနစကကွပ်ကွဲရေးမှူးအနေဖြင့် နောက်ထပ်ရောက်လာနိုင်သည့် ရွှေ့ပြောင်း
ရခိုင်မိသားစုများအတွက် မည်သို့ ဆောင်ရွက်ရမည်ကို အထက်မှ ညွှန်ကြားချက်
 တောင်းခံထားသည် ဟု ဆိုသည်။

 Mr. Barrington ၏ (ညွှန်ကြား)စာအမှတ် No. 290 LA 47 အရ မြန်မာနိုင်ငံ
လွတ်လပ်ရေးမရရှိမီ အချိန် ၁၉၄၇-ခုနှစ်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ (ဟိုစဉ်က အရှေ့ပါကိစ္စတန်)တွင် မွေးဖွားခဲ့သူ မြန်မာနွယ်ဖွား ရခိုင်နွယ်ဖွားတို့မှာငုပ်လျှိုးနေသော မြန်မာနိုင်ငံသားအဖြစ်နှင့် ပေါ်လွင်နေသော
ပါကစ္စတန်နိုင်ငံသားအဖြစ်တို့တစ်ပြိုင်တည်းရှိကာ၊၄င်းတို့၏(ငုပ်လျှိုး)မြန်မာနိုင်ငံ
သားအဖြစ်သည် မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ အခြေစိုက်သည်နှင့် ပေါ်လွင်
သက်ရောက်မှု ရှိလာကြောင်း ဆုံးဖြတ်ကာ၊

ဖဆပလခေတ် နှင့် တော်လှန်ရေးကောင်စီခေတ်များ အတွင်း မြန်မာနိုင်ငံသို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ပြောင်းရွှေ့လာကြသော ရခိုင်လူမျိုးများသည် နိုင်ငံသား
အဖြစ်ကို လျှောက်ထား စရာမလိုပဲ အလိုအလျောက် ရရှိပြီး ဖြစ်ကြောင်း
အဆက်ဆက် ဆုံးဖြတ် ဆောင်ရွက်ခဲ့ကြသည်။





Arakan News Agency

No comments:

Post a Comment