Pages

Monday, 29 October 2012

ကျောက်ဆည်ဆင်ပွဲတော် စည်စည်ကားကား ကျင်းပ


မန္တလေး-အောက်တိုဘာ၂၉

ကျောက်ဆည်မြို့ရွှေသာလျောင်းဘုရား ဂေါပကအဖွဲ့နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးတို့မှ ကြီးမှူးကျင်းပသည့်
ကျောက်ဆည်မြို့ဆင်ကအလှပြိုင်ပွဲဖွင့်ပွဲကို ယနေ့မနက်၈နာရီက မန်းလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးရဲမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ပြိုင်ပွဲကို ၁၀နာရီဝန်းကျင်က စတင်ယှဉ်ပြိုင်နေပြီး သုံးနေရာခွဲကာ ဒိုင်အဖွဲ့ဝင်သုံးဖွဲ့ဖြင့် ပြိုင်ပွဲဝင်ဆင်ကောင် ရေ ၂၂ကောင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရိုးရာဆင်ပထမဆု ငွေကျပ် ခြောက်သိန်း၊ ဒုတိယဆု ငါးသိန်းကျပ်၊ တတိယဆု လေးသိန်းကျပ်၊ ဘော်ကျယ်ဆင် ပထမဆု ငါသိန်းကျပ်၊ ဒုတိယဆု လေးသိန်းကျပ်၊ တတိယဆု သုံးသိန်းကျပ်၊ ကလေးဆင်ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းကျပ်၊ တတိယဆု တစ်သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ကျောက်ဆည်ဆင်ပြိုင်ပွဲအတွက် ငွေကျပ်သိန်း ၁၅၀ ကျော် ကုန်ကျရန် လျာထားပြီး နှစ်စဉ်မပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ည ၈နာရီတွင် ဆုများကို ကြေညာက ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးအောင်သန်းက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
 ဖိုးလပြည့်
ပေါ်ပျူလာဂျာနယ်။

No comments:

Post a Comment