Pages

Thursday, 4 October 2012

လက်နက်တွေ ပါရှိသည့် ကွန်တိန်နာသယ်ခဲ့သော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေး -



BurmeseHearts | မြန်မာ့သတင်း

ရန်ကုန်တိုင်း ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာ သယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှာ အသုံးပြုရန် ပြည်ပမှ မှာထားသော ဂျုံစေ့များကို သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါစက်ရုံအတွင်းသို့ ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာပြီးနောက် လက်နက်ခဲယမ်းများကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်သည်။

စစ်ဆေးတွေ့ရှိခဲ့သည့် လက်နက်ခဲယမ်းအမျိုးအစားများမှာ ၇ ဒသမ ၆၂ ကျည် ၂၈ တောင့်၊ ကျည်ကတ်နှစ်ခု၊ M-20 အမျိုးအစား ပစ္စတိုတစ်လက်၊ အပြာရောင်ကြိုးအိတ်တစ်ခုနှင့် ကာကီရောင် သေနတ်လွယ်ကြိုးတစ်ခုတို့ဖြစ်ကြောင်း သိရသည်။

ဒိုင်းမွန်းစတားဂျုံစက်ရုံမှ တာဝန်ရှိသူ စီမံကိန်းမန်နေဂျာက ” ဒီကိစ္စကို လုံဝမသိပါဘူး”ဟု ဖြေကြားခဲ့သည်။

ဂျုံစေ့များအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ရသည့် ဂျုံများမှာ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များဖြစ်ပြီး စင်္ကာပူကုမ္ပဏီမှတာဝန်ခံ တင်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

Source : EMG

No comments:

Post a Comment