နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် လွှတ်တော်ရေးရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ကော်မတီ များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝီလျံ ဂျိုးဇက်ဘန်းအား နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ဧည့်သည်တော် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လည်း တက်ရောက်ပြီး တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်း ဆောင်ရွက်မှုအခြေ အနေများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ နှင့် ဥပဒေရေးဆွဲနေမှုများ၊ လွှတ်တော်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြ သည်။
သတင်း-မြ၀တီသတင်း

No comments:
Post a Comment