ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နေပြည်တော်မှာ လာတွေ့ 
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီသွားရောက်တွေ့ဆုံခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး)
No comments:
Post a Comment