Friday, 19 October 2012

ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်


စစ်အင်အားကြီး အမေရိကန် အပါအ၀င် အာရှနိုင်ငံအချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’ စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန်ပြည်ထောင်စုက ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်သားတစ်သောင်းကျော် အပါအ၀င် ထိုင်းနှင့် အခြားအာရှနိုင်ငံများမှ နှစ်စဉ်ပူးတွဲ ပြုလုပ်လေ့ရှိသည်။

ယင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဆက်ဆံမှုဖြတ်တောက်ပြီးနောက်ပိုင်း အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ ဆောင်ရွက်ရန် ပထမဆုံးအဆင့် ခြေလှမ်းဖြစ်ကြောင်း Reuters သတင်းက ဆိုသည်။
The Voice Weekly

No comments:

Post a Comment