Pages

Wednesday, 24 October 2012

ဥပုဒ်စောင့်သော သတ္တ၀ါလေး များ လား



အာဖရိ ကျားသစ် (ချီတာ)ခေါ် သစ်ကျုတ်နှစ်ကောင်၏ အမူအရာကို ဓာတ်ပုံဆရာ Michel Denis မှ ယခုကဲ့သို့ အမိအရိုက် ရိုက်ကူးနိုင်ခဲ့သည်။ ကင်ညာနိုင်ငံ ဆာဖီတောတွင်း တစ်နေရာတွင် ဖြစ်သည်။

ယင်း သစ်က

ျုတ်နှစ်ကောင်သည် အသက် ၁၈ လကတည်းက မိခင်မှ ခွဲထွက် ကာ နှစ်ဦးတည်း အတူနေထိုင်ကျက်စားသော သတ္တဝါများ ဖြစ်ကြ
သည်။ အမဲအတူလိုက်ခြင်း၊ အတူဆော့ကစားခြင်းဖြင့် အသက်ရှင် နေ
ထိုင်ပြီး တစ်နေ့ အာဖရိက တောဆိတ်(Impala)အုပ်စုနှင့် ထိပ်တိုက် တွေ့ဆုံ
ခဲ့သည်။ သစ်ကျုတ်တို့ရန်ကို ကြောက်လှန့်၍ တစ်ဖွဲ့လုံး ထွက်ပြေးရာ အကောင်ပေါက်လေး တစ်ကောင် မှာ မလျင်မြန်ခဲ့ပေ။ ညီနောင်နှစ်ကောင် ၏ လက်အောက်သို့ ရောက်ရှိရလေတော့သည်။

သစ်ကျုတ် ညီအစ်ကိုတို့ အလွယ်တကူ ဖမ်းမိခဲ့သော်လည်း ၎င်းတို့၏ အပြုအမူ မှာ အံ့သြဖွယ်ရာ ဖြစ်ခဲ့ရသည်။ အကောင်မှာ ငယ်ရွယ်ပြီး အားနွဲ့ မှုကြောင့် သတ်စားခြင်း မပြုလုပ်ပဲ ယခုလို နွေးထွေးစွာ ပွတ်သပ်ပြီး ပြန် လွတ်ပေးခဲ့သည်။

သားရဲတိရစ္ဆာန်မှန်လျှင် ရက်စက်သည်ဟု သိထားသော သဘာဝမှာ ယင်း သစ်ကျုတ် နှစ်ကောင်ကြောင့် ကမောက်ကမ ဖြစ်ခဲ့ရပြီး တော်ဆိတ်ကို
နွေးထွေးစွာ ဆက်ဆံသော သစ်ကျုတ်နှစ်ကောင်ပုံမှာ လူသိများထင်ရှား
လာကြောင်း သိရသည်။

International news for myanmar

No comments:

Post a Comment