Pages

Friday, 19 October 2012

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား


တရုတ်နိုင်ငံအစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အားတရုတ်နိုင်ငံသို့ လာရောက်
 ရန်အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက
 အောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။

“ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ သံတမန်စကားနဲ့ပြောရင်
အဆင်ပြေတဲ့တစ်ချိန်မှာ တရုတ်ပြည်ကိုသွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးကဆိုသည်။

မည်သည့်အချိန်တွင် ဖိတ်ကြားမည်ကိုမေးရာ လောလောဆယ်တွင် အချိန်ဇယား မသေချာသေးသည့်အတွက် အဖြေပေး၍ မရသေးကြောင်း သံအမတ်ကြီးက
ဆက်လက်ပြောသည်။

အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “သွားချင်တဲ့စိတ်ရှိပါတယ်။
 တရုတ်နိုင်ငံက အန်တီတို့ရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံမှာ
ဆက်ဆံရေးကောင်းဖို့ ဆိုတာလည်း အရေးကြီးလို့ သွားချင်တာပါ”ဟု
 ပြောကြားခဲ့သည်။

7 Day News

No comments:

Post a Comment