Pages

Wednesday, 10 October 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ပြန်လည်အကောင်အထည်ဖော်မည့် ဟံသာဝတီလေဆိပ်တို့အကြား ဟိုတယ်ဇုန်များ ပြုလုပ်ရန်လျာထား





ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းတစ်နေရာ
၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးရေးဆွဲမည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ပြန်လည်အကောင်အထည်ဖော်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အ ကြား ဟိုတယ်ဇုန်များပြုလုပ်ရန်လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် အ၀င်များလာပြီး အထူးသဖြင့် ရန်ကုန်မြို့သို့ ပိုမိုအ၀င်များလာရာ ဟိုတယ်လိုအပ်ချက်များရှိသောကြောင့် ယင်းကဲ့သို့ ဟိုတယ်ဇုန်များပြုလုပ်သွားရန် လျာထားခြင်းဖြစ်ကြောင်း၊ လျာထား သည့်နေရာများမှာ မင်္ဂလာဒုံ၊ ထောက်ကြ လှည်းကူးစသော နေရာများဖြစ်ကြောင်း သိရှိရသည်။

''ရန်ကုန်လေဆိပ်နဲ့ ဟံသာဝတီ လေဆိပ်ကြားမှာ ဟိုတယ်ဇုန်တွေလုပ်ဖို့အတွက် မဟာရန်ကုန်မြို့ပြစီမံကိန်းမှာ လျာထားပါတယ်။ အဓိကတော့ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှည်းကူးစတဲ့နေရာတွေမှာ ဖြစ်ဖို့များတယ်။ အဲဒီနေရာတွေမှာက အစိုးရ ပိုင်မြေတွေများတယ်။ တပ်မြေတွေလည်းပါတယ်။ တကယ်လို့ အစိုးရပိုင်မြေမဟုတ်ဘဲ ပုဂ္ဂလိကပိုင်မြေတွေဆိုရင်လည်း လျော်ကြေးပေးပြီး ညှိနှိုင်း လုပ်ဆောင်သွားရမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါဟိုတယ်ဇုန်များ အကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့်လည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဂျပန်၊ စင်ကာပူ၊ ဗီယက် နမ်စသော နိုင်ငံများက လာရောက်လေ့လာမှုများရှိနေကြောင်း သိရှိရပါသည်။ သို့သော်လည်း လာရောက်လေ့လာနေသည့် အဆင့်၌သာရှိနေပြီး အမှန်တကယ် လုပ်ကိုင်ရန်ခွင့်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းကို JICA နှင့် ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး ယင်းစီမံကိန်းတွင် သယ်ယူပို့ဆောင်ရေးစနစ်၊ လျှပ်စစ်မီး၊ အိမ်ရာလိုအပ်ချက်၊ ရေပေးဝေရေး၊ မိလ္လာစနစ် စသည်တို့ကို ထည့်သွင်းရေးဆွဲမည် ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment