Pages

Wednesday, 17 October 2012

နိုင်ငံခြားငွေ လာရောက်လဲလှယ်သူများ အတွက်


ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ လာရောက်လဲလှယ်သူများ အဆင်ပြေစေရန်အတွက် ငွေစက္ကူအရည်အသွေးကို အသစ်ဆုံးပုံစံမျိုးမဟုတ်ဘဲ အခြားသောအနေအထားများကိုလည်း လက်ခံပေးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစဉ်နေပါကြောင်း ယနေ့ပြုလုပ်သည့် ဗဟိုဘဏ်နှင့် ဘဏ်များအစည်းအဝေးတွင် ဗဟိုဘဏ်မှ တရားဝင်ပြောကြားပါတယ်။


လက်ခံပေးနိုင်မည့် ငွေစက္ကူအနေအထားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်စာဖြင့် ညွှန်ကြားချက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း ပြောကြားပါတယ်

၎င်းညွှန်ကြားချက်ရရှိသည်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲ ကောင်တာများတွင် နိုင်ငံခြားငွေစက္ကူလက်ခံမှုကို အသစ်အတိုင်းဖြစ်စရာမလိုဘဲ စက်ဖြင့် အတုအစစ်ခွဲခြားရုံနှင့် လက်ခံပေးနိုင်တော့မည်ဖြစ်ကြောင်း ကြိုတင်၍ သတင်းကောင်းပါးအပ်ပါတယ်။
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)

No comments:

Post a Comment