Pages

Monday, 15 October 2012

အိုင်အိုဝါအခြေစိုက် ရခိုင်အမျိုးသားရေးအသင်းမှ လူထုအစည်းအဝေးအား ထောက်ခံစည်းဝေးပွဲကျင်းပ




Iowaarakannational 1အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် အခြေစိုက်ရခိုင်အမျိုးသားရေးအသင်းမှ ရ
သေ့တောင်မြို့ နယ် ရခိုင်လူထု အစည်းအဝေး၏ အတည်ပြုသတ်မှတ်ချက်များအား ထောက်ခံပွဲ အစည်းအဝေးတစ်ရပ်ကို ယမန်နေ့  အောက်တိုဘာလ ၁၄ရက် နေ့လည် ၁နာရီမှ ညနေ ၄နာရီထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စုပြည်နယ်အသီးသီးမှ ရခိုင်ကိုယ်းစားလှယ်များ မြန်မာတိုင်းရင်းသားများအပါအ၀င် လူ (၁၀၀)ခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အဓိကအကြောင်းအရာ အချက်သုံးချက်ကို ဆွေးနွေးတင်ပြဆုံးဖြတ်ခဲ့သည်။

ရသေ့တောင်မြို့ ၌ ပြုလုပ်ကျင်းပခဲ့သည့် ရခိုင်ဒေသလူထုအစည်းအဝေး ၏တောင်ဆိုချက်(၁၈)ချက်၊ ကန့် ကွက်ချက်(၆)ချက်၊ အကြံပြုချက် (၃)ချက် ကိုတက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတိုင်ပင် သုံးသပ်ကြပြီး တက်ရောက်လာသူအားလုံးမှ တညီတညွတ် တည်းထောက်ခံကြောင်းအတည်ပြုသတ်မှတ်ခဲ့ကြသည်။ထိုအချက်(၁၈)ချက်အားလည်း မြန်မာအစိုးရမှဆောင်ရွက်ပေးရန်တိုက်တွန်းနိုးဆော်လိုက်သည်။

ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC)သည် ရခိုင်ပြည်၌ ရုံးခန်းဖွင့်လှစ်၍ ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်ရေးဆိုသော အစီအစဉ်ကို အကျယ်တ၀န်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းအတူယှဉ်တွဲနေထိုင်ရေးအစီအစဉ်အား ရခိုင်ပြည်တွင်းမှ ရခိုင်ပြည်သူများနှင့်အတူ ကန့် ကွက်ပါကြောင်း၊ ဘင်္ဂလီများအား OIC အဖွဲ့ဝင်နိုင်ငံများက ခေါ်ယူကူညီပေးကြပါရန် ရခိုင်ပြည်နယ်ကို အစ္စလာမ်မှူပြုရေးအစီအစဉ်ကို ရပ်တန့်ကရပ်ရန် တိုက်တွန်းလိုကြောင်း၊ လိုအပ်လာလျှင် ကျွန်တော်တို့ တထွေ အရေးကြီးက သွေးနီရလိမ့်မည်ဖြစ်ပါကြောင်း အသင်းနာယက ဦးစံသာ ကဆိုသည်။

"(OIC) အဖွဲ့ ချုပ်သာ ရခိုင်ပြည်၌ ရုံးခန့် ဖွင့်လှစ်မည်ဆိုရင် သမိုင်းလိမ် တရားမ၀င် ဘင်္ဂလီတွေကို ကျောထောက်နောက်ခံပြုပြီး မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ ကမ္ဘာသို့ ထပ်ပြီး လိမ်လည်နေအုံးမှာသာဖြစ်ပါတယ်။ (OIC)အခြေစိုက်ရောက်ရှိလာပါက ရခိုင် ပြည်သူတွေရဲ့ အသက်အိုးအိမ်များ လုံခြုံမှုမရှိတဲ့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် မလိုလားတဲ့ ပြဿနာ ပဓိပက္ခ များသာ ရရှိလာနိုင်ပါတယ်။ မြန်မာသမိုင်းတစ်လျှောက်မှာ စစ်ပွဲတွေကြောင့် ဒုက္ခရောက်ခဲ့ရသူတွေ၊ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသူတွေ၊ များစွာရှိခဲ့ပါတယ်။ ဒါပေမယ့် (OIC) က မည်သည့်အခါကမှ အကူအညီပေးခဲ့ဖူးတာမတွေ့ရှိရဘူး။ ခုဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းကျမှ ၀င်ရောက် စွက်ဖက် လာတာတာဟာ ကျနော်တို့ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ကျနော်တော့ ယူဆမိတယ်။" ဟု အသင်းဥက္ကဋ္ဌ ကိုအေးလွင်မှ ပြောသည်။ayechanmon.15

ယင်းအခမ်းအနားတွင် ရခိုင်အမျိုးသားရေးအသင်းအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံတကာရောက် ရခိုင်မိသားစုများအနေဖြင့် ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC) မှ မြန်မာနိုင်ငံ၌ ရုံးခန့် ဖွင့်ရန်နှင့် စာချုပ် ချုပ်ဆိုထားခြင်းအား ဖျက်သိမ်းပေးရန် နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းပေးကြရန်စသော အချက်(၅)ချက် ပါဝင်သည့် ထုတ်ပြန်ကြေငြာချက်တစ်ခုကိုပါ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရသည်။


မူရင်းသတင်း-- Arakan Time

No comments:

Post a Comment