Pages

Sunday, 28 October 2012

သူရဲကောင်း ရခိုင်သား တေး ခွေထွက်ရှိ



၂၈.၁၀.၂၀၁၂ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သူရဲကောင်း ရခိုင်သားလို့ အမည်ပေးထားတဲ့ ရခိုင်တေးစီခွေတခွေကို ဖြန့်ချီခဲ့ပါတယ်။ ထိုခွေထဲတွင် ရခိုင်နာမည်ကြီးအဆိုတော်များမှ မတ္တာဖြင့် ပါဝင်သီဆိုထားကြပြီး ခိုင်ကျော်လင်း၊ ဒိုးရ်ရီ၊ ကျော်သန်းမွှီး၊ မိုးဇော်၊ တူတူ၊ ကံထွန်းကြည်၊ ညီထွေး၊ မြတ်ထွန်းသိန်း၊ ဂျော်ဂျီ၊ ညှာစိမ်းခိုင်နှင့် စောနှင်းနွယ်တို့မှ ပါဝင်ကူးညီအားဖြည့်သီဆိုထားကြပါသည်။ ထိုအခွေသည် ရခိုင်ပြည်န
ယ် အတွင်း ဒုက္ခရောက်ခဲ့ကြသော ရခိုင်တို့၏ ဘ၀ကို ဖော်ကူးထားပြီး ၀ံလက်ဖောင်ဒေးရှင်းအဖွဲ့မှ ထုတ်ဝေခဲ့ပါသည်။ အခွေတခွေကို (၅၀၀) ကျပ်ဖြင့်သာ အဖွဲ့မှ ကန့်သတ်ရောင်းချခဲ့ပြီး ရရှိလာသော ငွေကြေးများကို အရေးအခင်းတွင် ဒုက္ခရောက်ခဲ့ကြသော သူများကို လှူဒါန်းသွားမည်ဟု သိရှိရပါသည်။ ၂၈.၁၀.၂၀၁၂ ရက်တည်းတွင် စစ်တွေမြို့တမြို့တည်း၌ အခွေပေါင်း (၅၀၀၀)ခန့်လောက် ရောင်းချပြီးပြီဖြစ်ကြောင်းနှင့် တခြားမြို့နယ်များသို့လည်း ရောင်းချရန်စီစဉ်နေကြောင်းကို စုံစမ်းသိရှိရပါသည်။
သတင်း

No comments:

Post a Comment