Pages

Thursday, 1 November 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူမှောင်ခိုဂိုဏ်းများ



ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူမှောင်ခိုဂိုဏ်းများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ဘင်္ဂလီပြဿနာကို အခွင့်ကောင်းယူလျှက် အင်ဒိုနီးရှား၊ မလေးရှား၊ သြစတြေးလျ စသည့်နိုင်ငံများသို့ လူသိန်းပေါင်းများစွာကို ဘုတ်အစီးစီးဖြင့် ပို့ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ တင်ပို့ခံရသောလူအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြသည်။ တချို့သာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသော ဘင်္ဂလီများဖြစ်ကြသည်။ မြန်
မာစကား၊ ရခိုင်စကား တစ်ခွန်းတစ်ပါဒမျှ မပြောနိုင်ပဲ “ရိုဟင်ဂျာ”ဟူသော အမည်ကို ခံယူကာ မြန်မာအစိုးရ၏ နှိပ်စက်ညှင်းပန်းမှုကို ခံရသည်ဟု နိုင်ငံတကာသို့ ငိုပြကြသည်။ ၄င်းတို့ရောက်ရှိရာ နိုင်ငံများတွင် သက်တောင့်သက်သာ နေခွင့်ရရန် နိုင်ငံရေးခိုလှုံခွင့်များ တောင်းကြသည်။

လူမှောင်ခိုးသမားများကလည်း ၀င်ငွေရွှင်ကြသည်။

ဘီဘီစီ၊ မဇ္ဈိမ၊ ဧရာဝတီ စသည့် မြန်မာနှင့် နိုင်ငံတကာ သတင်းဌာနများကလည်း ဘင်္ဂလီများ၏
မာယာကျော့ကွင်းတွင် ပြုံးလျှက်ဝင်ကြသည်။ အားရပါးရ သတင်းဖြစ်အောင် တင်ကြသည်။ ၄င်းတို့ ၀က်ဘ်ဆိုက်ဝေေ၀ဆာဆာဖြစ်ဖို့၊ လူအလာများကာ ကြော်ငြာဖိုးရဖို့ ကြိုးစားကြသည်။ သတင်းသမားများလည်း လစာမှန်ကြပြီ။

တခြား နျူရိုအစ္စလာမ်၊ ထွန်းခင် စသည့် ဘင်္ဂလီများကလည်း ပြည်ပတွင် ပရောဂျက်များတင်ကာ လုပ်စားကြပြန်သည်။ ကြောင်လျှာသီးများဆွဲကာ ကြက်လျှာစွန်းဒံပေါက်စားသကဲ့သို့ နိုင်ငံတကာသတင်းဌာနကြီးများရှေ့တွင် ဘုတ်သမားများသည် “ရိုဟင်ဂျာ”များ ဖြစ်သည်ဟု မြိန်ရည်ယှက်ရည် လိမ်ကြသည်။ အားလုံးဝေစားမျှစား အဆင်ပြေကုန်ကြသည်။ ဂဏန်းများကို ဖေါင်းပွအောင်လုပ်ခြင်းဖြင့် ပြည်ပရောက် “ရိုဟင်ဂျာ”အမည်ခံ လူစာရင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ရောယှက်ကာ များသထက်များလာသည်။ သတင်းဌာနများသို့ အမှန်တရားကို ဖွင့်ချရေးကြသော်ငြားလည်း မသိချင်ဟန်ဆောင်ကြသည်။ မြန်မာနိုင်ငံ၏ လွန်ခဲ့သော နှစ်ပေါင်း၅၀ ခေတ်ဆိုးစနစ်ဆိုးတွင် အမြတ်အများဆုံးရကြသူများတွင် ခရိုနီနှင့် အာဏာပိုင်များပြီးလျှင် ဤဘင်္ဂလီများပေလားဟု ဆိုရမည့်အနေအထားသို့ ရောက်နေပေပြီ။

ယခုလည်း ထပ်ဖြစ်ပြန်ပြီ။ လက်ရှိဖြစ်ပွားနေသော ရခိုင်အရေးကို အခွင့်ကောင်းယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လူမှောင်ခိုဂိုဏ်များသည် လူပေါင်း ၁၃၀ ပါသော ဘုတ်တစ်စီးဖြင့် အောက်တိုဘာလ ၂၈ နေ့ညက မလေးရှားနိုင်ငံသို့ သွားရန်ကြိုးစားကြပြန်သည်။ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး လူအနည်းငယ်သာ ခေါ်တောဘင်္ဂလီများဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနားမြို့ မှ ထွက်ခွာလာရာ နတ်မြစ်အ၀တွင် အဆိုပါဘုတ်မှာ ရေ၀င်ကာ နစ်မြုပ်သွားသည်ဟု အနီးက ငါးဖမ်းသမားတစ်ဦးက ဆိုကြောင်း သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ မလေးရှားကို သွားတဲ့ ခိုးလှေဖြစ်ကြောင်းလည်း တက္ကနားရဲစခန်းမှူး မိုဟာမက် ဖာဟတ်က အတည်ပြုပြောကြားပါတယ်။

နိုင်ငံတကာသတင်းဌာနကြီးများနှင့် အဖွဲ့အစည်းများသည် ခိုးဝင်၊ ခိုးထွက် အခွင့်အရေးသမားများကို အခွင့်အရေးဆုံးရှူံးနေသည်ဟု ပြောခြင်းမှ ရပ်တန့်စေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်ပင်ဖြစ်သည်။
သတင်းပေးပို့ သူ

No comments:

Post a Comment