Pages

Thursday, 25 October 2012

ရခိုင် အရေးအတွက် သံဃာတော်များ ဆန္ဒထုတ်ဖော်



ဆန္ဒပြ သံဃာတော်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများနှင့် ပတ်သတ်၍ ယနေ့ နေ့လည် (၁)နာရီက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် သံဃာတော် အပါး (၁ဝဝ)ကျော်တို့က စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ ယင်း ဆန္ဒပြပွဲတွင်

(၁) နိုင်ငံတော် အစိုးရမှ ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အမြန်ဆုံး ကာကွယ်ပေးရန်။

(၂) ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းအားလုံး ရခိုင် ပြည်သူလူထုအတွက် ဝိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်ပေးရန်။

(၃) ယခုဖြစ်စဉ် ဖြစ်ရပ်များသည် တရားမဝင် ကျူးကျော် အကြမ်းဖက် ဘင်္ဂါလီများ ကြောင့် ဖြစ်ပေါ်ခံရ သည်ကို ကမ္ဘာ့လူထု သိရှိစေရန်။ အစွန်းရောက် အကြမ်းဖက်ဝါဒကို လက်မခံနိုင်ကြောင်း စသည့် အချက်(၃)ချက် ကို တောင်းဆိုခဲ့ပြီး (၄၅) မိနစ်ကြာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Photo..,မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်

No comments:

Post a Comment