Pages

Thursday, 11 October 2012

ဖားကန့်ဒေသ တိုက်ပွဲဖြစ် ဗမာစစ်သား (၈) ဦးသေဆုံး


 
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော ဖားကန့် ဒေသ နမ့်မဖစ်မော်အနီး တွင် အောက်တိုဘာလ (၉) ရက် ည (၁၁း၄၅) နာရီ အချိန်တွင် လုံးခင်းဘက်မှ ထိုးစစ် ဆင်လာသော ဗမာအစိုးရစစ်တပ်ကို ကေအိုင်အေ တပ်ရင်း (၆) မှ မျိုးချစ်ရဲဘော်များကနေပြီး မိုင်းများဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သောကြောင့် ဗမာအစိုးရစစ်သား (၃) ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
အောက်တိုဘာ (၉) ရက်နေ့မှာပင် ဖားကန့်ဒေသ (၆) မိုင်နှင့် (၇) မိုင်ရွာကြား ကေအိုင်အေတပ်ရင်း (၆) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားရာ ဗမာစစ်တပ်မှ (၅) ဦး သေဆုံး ကြောင်း ဆက်လက်သတင်းရရှိပါသည်။
 
News .. jinghpawkasa

No comments:

Post a Comment