Friday, 19 October 2012

တရုတ်စစ်သင်္ဘောများကို ဂျပန်ကမျက်ခြည်မပြတ်စောင့်ကြည့်နေ




တရုတ်ရေတပ်စစ်သင်္ဘော (၇)စီးသည်အရှေ့တရုတ်ပင်လယ် အတွင်းဂျပန်နိုင်ငံနှင့် အငြင်းပွား နေသည့် ကျွန်းများအနီးကင်းလှည့် နေသည်။ ဂျပန်နိုင်ငံကာကွယ်ရေး ၀န်ကြီးဌာနပြောခွင့်ရပုဂ်္ဂိုလ်ကအောက်တိုဘာ ၁၆
ရက်ကပြောသည်။ အဆိုပါသင်္ဘောအုပ်စုတွင် ဖျက် သင်္ဘောနှစ်စီး၊ ရေငုပ်သင်္ဘောအကူ အညီပေးစစ်ရေယာဉ်တစ်စီးနှင့် ဂျပန်ကျွန်းများအထိ ပစ်ခတ်နိုင် သည့် ဒုံးကျည်တင်စစ်သင်္ဘောတစ် စီးပါဝင်သည်ဟု ဂျပန်ကပြောကြား လျက်ရှိသည်။ ယခုကိစ္စကြောင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတင်းမာ လာနိုင်သည်ဟုလည်း ထောက်ပြ ထားသည်။ တရုတ်တို့အနေဖြင့် ယင်းသို့လုပ်နေပါက ဂျပန်အစိုးရ အနေဖြင့်လည်း အလားတူလုပ်ရ တော့မည်ဟု ရှင်းရှင်းလင်းလင်း ပြောထားသည်။
သို့သော်တရုတ်တို့က မိမိတို့ စစ်ရေယာဉ်များသည် နိုင်ငံတကာ ရေပြင်ပိုင်နက်သတ်မှတ်ထားသည့် ကမ်းခြေမှ ၁၂ မိုင်အတွင်းသာ လှုပ်ရှားနေခြင်းဖြစ်သည်ဟုဆိုသည်။
ကုလသမဂ္ဂပင်လယ်ပြင်ဆိုင် ရာဥပဒေပြဋ္ဌာန်းချက် (United Nations Convention on the Law of the sen,UNCLOS) အရ နှစ်နိုင်ငံသဘောတူအသိအမှတ် ပြုလက်ခံထားသည့် ပင်လယ်ပြင် နယ်နိမိတ်အတွင်း စစ်ရေးလေကျင့် မှု အပါအ၀င်စစ်ရေယာဉ်များ လှုပ်ရှားသွားလာမှုပြုလုပ်နိုင်သော် လည်း အငြင်းပွားကျွန်းများနှင့် ထိစပ်နေသည့် ပင်လယ်ပြင်နယ် နိမိတ်အတွင်းမှာမှု စစ်ရေးစီးပွား ရေးဆိုင်ရာရေယာဉ်များသွားလာ ခွင့်မပြုနိုင်ဟုဆိုထားသည်။ ဂျပန် ကင်းထောက်လေယာဉ်များ ထောက်လှမ်းရေးလေယာဉ်များက လည်း တရုတ်စစ်သင်္ဘောများ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဟုဆိုသည်။

ကျော်စိန်
Ref; Nation

သတင်းThe Hot News

No comments:

Post a Comment