မန္တလေးမြို့တော်စည်ပင်ဌာန၏ လုပ်ထုံးလုပ်နည်းများ အားနည်းခဲ့မှု
များကြောင့် မလိုလားအပ်သော အိမ်မြေပိုင်ဆိုင်မှုပြဿနာများ မန္တလေးမြို့၌ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
...
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုတ္တော်ရပ်ကွက် (၇၅)လမ်းနှင့် (၁၁)လမ်းထောင့်ရှိ မဟာစိန် တည်းခိုခန်းသည် ပယ်ဖျက်ပြီး
မြေဂရန်အ၀ယ်မှားမှုကြောင့် မလိုလားအပ်သော အရှုပ်အထွေးများ
ဖြစ် ပေါ်ခဲ့သည်။
`` မြို့တော်စည်ပင်ကနေ ဒေါ်နန်းသန်းမော်အမည်ပေါက် နှစ်(၃၀)မြေဂရန်ကို ပယ်ဖျက်ကြောင်း အဲဒီတုန်းက ကာယကံရှင်တွေဆီကို အကြောင်းကြား
ခဲ့တယ် ´´ ဟု လက်ရှိ မန္တလေးမြို့တော် စည်ပင်၌ အကြံပေးအဖြစ်
တာဝန်ဆက်လက်ထမ်းဆောင်နေသူ ဦးကျော်ညွန့်က ပြောသည်။
ထိုကဲ့သို့ ပယ်ဖျက်ကြောင်း ကြေညာချက်ကို ထင်သာမြင်သာရှိသောသတင်း
စာများမှ ကြေညာမှု မျိုးလည်း မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆို
ခဲ့သည်။
မဟာစိန်တည်းခိုခန်းပိုင်ရှင်မိသားစုသည် ထိုမြေကွက်အား လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက ၀ယ်ယူ နေထိုင်ခဲ့ပြီး အဆောက်အဦးဆောက်
လုပ်ခြင်း တည်းခိုခန်းဖွင့်လှစ်ခြင်းများကို စည်ပင် ခွင့်ပြုမိန့်အရ လုပ်ဆောင်
ခဲ့ခြင်းများ ၊ အညစ်ကြေးခွန်ဆောင်ခြင်းများ ကို တရားဝင်ပေးဆောင်ခဲ့
ကြောင်းကိုလည်း သိရသည်။
`` ၂၀၀၀ ခုနှစ်လောက်ထိ အဆောက်အဦးဆောက်မယ်ဆိုရင် အဲဒီတုန်းက ရပ်ကွက် အုပ်ချုပ်ရေး မှူးလက်မှတ်ပါရင်ကိုပဲ လုပ်ပေးလိုက်တာမျိုးတွေ
ရှိခဲ့တယ်။ ခုဒီဖက်နှစ်နောက်ပိုင်းမှ ကွင်းဆင်း စစ်တာတို့ ဓါတ်ပုံတွေ ယူထားတာတို့ စလုပ်လာပြီ ´´ ဟု မန္တလေးမြို့တော် စည်ပင်သာ
ယာရေး ကော်မတီ အဆောက်အဦးဌာနမှူး ဦးမျိုးအောင်က ပြောကြား
ခဲ့သည်။
အဆိုပါမြေကွက်သည် ဒေါ်နန်းသန်းမော် အမည်ပေါက်ဖြစ်သည့်
နှစ်(၃၀)မြေဂရန်အား (၉၃)ခုနှစ်မှ စတင်ချထားပေးခဲ့သော်လည်း
ဒေါ်နန်းခင်သန်းကြည်မှ ထိုမြေကွက်ကိုပင် ၎င်းပိုင်ဆိုင်ကြောင်း (၂၀၀၆) ခုနှစ်ကစတင် ထုတ်ပေးခဲ့သော (၁၀) နှစ်မြေဂရန်ဖြင့် တရားဆွဲဆိုခဲ့ရာ ရုံးတော်မှ အသစ် ထပ်ထွက်ထားသည့် (၁၀)နှစ် မြေဂရန်ပိုင်ရှင်အား အမှုနိုင်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၊ ဒေါ်နန်းသန်း မော်ထံမှ ၀ယ်ယူထားသော မဟာစိန် တည်းခိုခန်းပိုင်ရှင် မိသားစုများ အမှုရှုံးနိမ့်ခဲ့ရသည်။
`` နှစ်(၃၀) မြေဂရန်ကို ဘာလို့ပယ်ဖျက်လိုက်တာလဲဆိုတာတော့
ရုံးလျှို့ဝှက်ကိစ္စမို့ ကျနော်တို့ မပြောနိုင်ဘူး။ ဒေါ်နန်းသန်းမော်
အမည်ပေါက် နှစ်(၃၀) မြေဂရန်ဟာ အမှတ်(၁/၉၉)နဲ့ ပယ်ဖျက်ပြီး ဖြစ်တယ်။
ပယ်ဖျက်ပြီးမှ လက်ရှိနေနေတဲ့သူက အဲဒီမြေကွက်ကို ၀ယ်လိုက်ကြတာ ´´ ဟု
မြို့တော် စည်ပင်မြေယာဌာနမှာ ဦးကျော်ညွန့်က ရှင်းပြသည်။
ထိုမြေကွက်အား ၁၉၉၉ ခုနှစ်က ဂရန်ပယ်ဖျက်ခဲ့ပြီး ၂၀၀၆ခုနှစ်တွင် ဒေါ်နန်းခင်သန်းကြည်မှ ဂရန် အသစ် ပြန်လျှောက်လာသောကြောင့် (၁၀)နှစ်ဂရန် ထပ်မံချထားပေးခဲ့ကြောင်း သိရသည်။
`` ဒေါ်နန်းခင်သန်းကြည်ပိုင်တဲ့
၁၀နှစ် မြေဂရန်သာ အတည်ဖြစ်တယ်ဆိုရင် ကျမတို့အိမ်ကို စည်ပင် ရုံးက
မြေတိုင်းတွေက ဒေါ်နန်းခင်သန်းကြည်အတွက် မြေဂရန် ချထားမပေးခင် ဘာလို့ မြေလာ
တိုင်းခြင်း မရှိတာလဲ ´´ ဟု မဟာစိန်တည်းခိုခန်းပိုင်ရှင်၏ သမီးဖြစ်သူ နန်းဆိုင်မွန်က ပြောသည်။
မန္တလေးမြို့တွင် ထိုကဲ့သို့ မြို့တော်စည်ပင်၏ လုပ်ငန်းဆောင်ရွက်မှုများ အားနည်းချက်ကြောင့် မြေယာပြသနာအမှုများ များစွာဖြစ်ပွားလျှက်ရှိပြီး ကံကြီးကုန်း ဇီးကုန်းများတွင်ဖြစ်ပွားခဲ့ သော ပြသနာများမှာလည်း ယခုထက်ထိ လက်သည်တရားခံ ဖေါ်ထုတ်နိုင်ခြင်းမရှိသေးပဲ နစ်နာသူများစွာ ရှိလျှက် ရှိသည်။
ထိုစဉ်က ဖြစ်ပွားခဲ့သော ပြသနာများတွင် မြေအရောင်းအ၀ယ်ကိစ္စများတွင် မြို့တော်စည်ပင် ၀န်ထမ်း များပါသည်ဟူသည့် ဒေသခံများ၏ စွပ်စွဲချက်ကို မြို့တော်ဝန်ဦးအောင်မောင်းမှ မန္တလေး မြို့တော်စည်ပင်အဖွဲ့၏ အားနည်းချက် စေတနာအမှားများကြောင့် ယခုလိုအစွပ်စွဲခံရခြင်းဖြစ် ကြောင်း မြို့တော်စည်ပင်ရုံးတွင် ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ဖြေကြားခဲ့ဘူးသည်။
``အရင်လက်ထက်က အလုပ်ထွက်သွားတဲ့ စည်ပင်ဝန်ထမ်းတွေဆီကနေ ယူနီဖောင်းတို့ ၀န်ထမ်း ကဒ်တို့ စတာတွေကို ပြန်လည် မသိမ်းခဲ့မိတာ ကျွန်တော်တို့ရဲ့ အားနည်းချက် ဖြစ်ပါတယ် ´´ ဟု မြို့တော်ဝန် က ထိုကဲ့သို့ ဖြေကြားခဲ့ဘူးသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မူရင်းသတင်း----Shwe Myitmakha Media Group
...
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုတ္တော်ရပ်ကွက် (၇၅)လမ်းနှင့် (၁၁)လမ်းထောင့်ရှိ မဟာစိန် တည်းခိုခန်းသည် ပယ်ဖျက်ပြီး
မြေဂရန်အ၀ယ်မှားမှုကြောင့် မလိုလားအပ်သော အရှုပ်အထွေးများ
ဖြစ် ပေါ်ခဲ့သည်။
`` မြို့တော်စည်ပင်ကနေ ဒေါ်နန်းသန်းမော်အမည်ပေါက် နှစ်(၃၀)မြေဂရန်ကို ပယ်ဖျက်ကြောင်း အဲဒီတုန်းက ကာယကံရှင်တွေဆီကို အကြောင်းကြား
ခဲ့တယ် ´´ ဟု လက်ရှိ မန္တလေးမြို့တော် စည်ပင်၌ အကြံပေးအဖြစ်
တာဝန်ဆက်လက်ထမ်းဆောင်နေသူ ဦးကျော်ညွန့်က ပြောသည်။
ထိုကဲ့သို့ ပယ်ဖျက်ကြောင်း ကြေညာချက်ကို ထင်သာမြင်သာရှိသောသတင်း
စာများမှ ကြေညာမှု မျိုးလည်း မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆို
ခဲ့သည်။
မဟာစိန်တည်းခိုခန်းပိုင်ရှင
လုပ်ခြင်း တည်းခိုခန်းဖွင့်လှစ်ခြင်းမ
ခဲ့ခြင်းများ ၊ အညစ်ကြေးခွန်ဆောင်ခြင်းများ
ကြောင်းကိုလည်း သိရသည်။
`` ၂၀၀၀ ခုနှစ်လောက်ထိ အဆောက်အဦးဆောက်မယ်ဆိုရင် အဲဒီတုန်းက ရပ်ကွက် အုပ်ချုပ်ရေး မှူးလက်မှတ်ပါရင်ကိုပဲ လုပ်ပေးလိုက်တာမျိုးတွေ
ရှိခဲ့တယ်။ ခုဒီဖက်နှစ်နောက်ပိုင်းမှ ကွင်းဆင်း စစ်တာတို့ ဓါတ်ပုံတွေ ယူထားတာတို့ စလုပ်လာပြီ ´´ ဟု မန္တလေးမြို့တော် စည်ပင်သာ
ယာရေး ကော်မတီ အဆောက်အဦးဌာနမှူး ဦးမျိုးအောင်က ပြောကြား
ခဲ့သည်။
အဆိုပါမြေကွက်သည် ဒေါ်နန်းသန်းမော် အမည်ပေါက်ဖြစ်သည့်
နှစ်(၃၀)မြေဂရန်အား (၉၃)ခုနှစ်မှ စတင်ချထားပေးခဲ့သော်လည်း
ဒေါ်နန်းခင်သန်းကြည်မှ ထိုမြေကွက်ကိုပင် ၎င်းပိုင်ဆိုင်ကြောင်း (၂၀၀၆) ခုနှစ်ကစတင် ထုတ်ပေးခဲ့သော (၁၀) နှစ်မြေဂရန်ဖြင့် တရားဆွဲဆိုခဲ့ရာ ရုံးတော်မှ အသစ် ထပ်ထွက်ထားသည့် (၁၀)နှစ် မြေဂရန်ပိုင်ရှင်အား အမှုနိုင်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၊ ဒေါ်နန်းသန်း မော်ထံမှ ၀ယ်ယူထားသော မဟာစိန် တည်းခိုခန်းပိုင်ရှင် မိသားစုများ အမှုရှုံးနိမ့်ခဲ့ရသည်။
`` နှစ်(၃၀) မြေဂရန်ကို ဘာလို့ပယ်ဖျက်လိုက်တာလဲဆိုတ
ထိုမြေကွက်အား ၁၉၉၉ ခုနှစ်က ဂရန်ပယ်ဖျက်ခဲ့ပြီး ၂၀၀၆ခုနှစ်တွင် ဒေါ်နန်းခင်သန်းကြည်မှ ဂရန် အသစ် ပြန်လျှောက်လာသောကြောင့် (၁၀)နှစ်ဂရန် ထပ်မံချထားပေးခဲ့ကြောင်း သိရသည်။
`` ဒေါ်နန်းခင်သန်းကြည်ပိုင်တဲ့
မန္တလေးမြို့တွင် ထိုကဲ့သို့ မြို့တော်စည်ပင်၏ လုပ်ငန်းဆောင်ရွက်မှုများ အားနည်းချက်ကြောင့် မြေယာပြသနာအမှုများ များစွာဖြစ်ပွားလျှက်ရှိပြီ
ထိုစဉ်က ဖြစ်ပွားခဲ့သော ပြသနာများတွင် မြေအရောင်းအ၀ယ်ကိစ္စများတွင်
``အရင်လက်ထက်က အလုပ်ထွက်သွားတဲ့ စည်ပင်ဝန်ထမ်းတွေဆီကနေ ယူနီဖောင်းတို့ ၀န်ထမ်း ကဒ်တို့ စတာတွေကို ပြန်လည် မသိမ်းခဲ့မိတာ ကျွန်တော်တို့ရဲ့ အားနည်းချက် ဖြစ်ပါတယ် ´´ ဟု မြို့တော်ဝန် က ထိုကဲ့သို့ ဖြေကြားခဲ့ဘူးသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မူရင်းသတင်း----Shwe Myitmakha Media Group

No comments:
Post a Comment