Pages

Monday, 15 October 2012

သမီးလေး အတွက်မြန်မာငွေသန်းပေါင်း ၆ သောင်းကျော်ပေးမဲ့ သတို့သားရှာပုံတော် -



ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဋ္ဌေးကြီး ကျောက်ရှိးစုန် ကတော့ သူ့ရဲ့ သမီးလေး ဂီဂီကျောက် အတွက် သတို့သားရှာပုံတော် ဖွင့်လိုက်ပါပြီ။ သူဋ္ဌေးကြီးရဲ့ ရင်နှစ်သည်းချာ သမီးရတနာလေးကို လက်ထပ်နိုင်တဲ့ သတို့သားကတော့ ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ကို ဆွတ်ခူးရရှိမှာ
ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင်တော့ ကျပ်သန်းပေါင်း ၆ သောင
်းကျော်
လောက်ရှိမယ်ထင်ပ။ သမီးရတနာလေးဟာ မန်ချက်စတာ တက္ကသိုလ်က ဘွဲ့ရထားပြီးတော့ အသက် ၃၃ ရှိပါပြီ။ သူဋ္ဌေးကြီး ကျောက် ကတော့ သူ့သမက်လောင်းဖြစ်သူဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အဓိကကတော့ သဘောထားကြီးပြီးတော့ ကြင်နာတတ်တဲ့ နှလုံးသားရှိသူ
ဖြစ်ရင် ရပြီလို့ ဆိုနေပါတယ်။ သူ့ရဲ့ သမီးရတနာလေးဟာ အလွန်ကို လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်ပြီးတော့ အချင်းရော၊ အဆင်းပါ ပြည့်စုံတဲ့ သမီးလေးလို့လည်း ဆိုပါသေးတယ်။ သဋ္ဌေးကြီးဟာ ဘာဖြစ်လို့ သတို့သား
ရှာပုံတော်ဖွင့်ရတယ်လို့ ထင်ပါသလဲ….? ပြဿနာကတော့ သူ့သမီးလေးဟာ
ပြားရာကလုံးလို့ ယောက်ျားလေးတွေကို စိတ်မ၀င်စား မိန်းကလေး
အချင်းချင်းသာ စိတ်ဝင်စားလို့ ဖြစ်ပါသတဲ့။ လောလောဆယ်မှာ သူ့နဲ့ ချစ်သက်တမ်းကြာပြီဖြစ်တဲ့ အချစ်တော်လေးက ပြင်သစ်မှာ နေပါသတဲ့။ ကဲ…သန်း ၆ သောင်းတန် သတို့သား ဖြစ်လိုသူများ ကံစမ်းနိုင်ကြပါပြီ။

JACBA
  15, 2012

No comments:

Post a Comment