Pages

Tuesday, 2 October 2012

မန္တလေးမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်း ABSDF က သမ္မတထံစာပို့မည်

မန္တလေးမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်း ABSDF က သမ္မတထံစာပို့မည်

မန္တလေးမြို့တော်ဝန်ဦးအောင်မောင်းအားအယုံအကြည်မရှိကြောင်းABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ပောာင်း များ အဖွဲ့က သမ္မတထံ စာပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့တော်ဝန်ပာ
ာ ပြည်သူတွေရဲ့အသံကိုနားထောင်မှုမရှိဘဲ လုပ်ချင်ရာကိုလုပ်နေပါတယ်။ ဒီကိစ္စတွေအတွက် သမ္မတဆီကို မန်းမြို့တော် ဝန်ကို အယုံအကြည်မရှိကြောင်း စာပို့သွားမှာပါ။ လက်ရှိမှာလည်း ပြည်သူတွေရဲ့ ဆန္ဒမဲလက်မှတ်တွေကို ရယူနေပါတယ်။ ပြီးတော့ ပြည်သူတွေအပေါ် မတရားတရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းတိုင်စာအား စက်တင်ဘာလကုန်တွင် သမ္မတထံသို့ပေးပို့သွားမည်ဖြစ်ပြီး ယင်းသို့တိုင်ကြားနိုင်ရန် ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများသာမက အခြားအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးအောင်မောင်းသည် ၎င်း၏ မန္တလေးမြို့တော်ဝန်အဖြစ် စတင်တာဝန်ယူသည့် သက်တမ်းခြောက်လအတွင်း ဈေးချိုပျံကျကုန်စိမ်းဈေး အပြောင်းအရွှေ့ကိစ္စရပ်များ၊ ချမ်းမြေ့ သာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာမြေပြဿနာများတွင် တပ်ဖွဲ့အင်အား အများအပြားအသုံးပြု၍ မန္တလေးဒေသခံပြည်သူများအား နှိမ်နင်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာပာာ ပုဂ္ဂိုလ်ရေးမုန်းတီမှု တစ်စွန်းတစ်စတောင်မပါပါဘူး။ သူ့သက်တမ်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေကို မလိုအပ်ဘဲ အများအပြားသုံးတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ရေးရာတွေကို ချိုးနှိမ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခု ဆန္ဒမဲရယူပြီး တာနဲ့ သူ့ကိုပြန်ရုတ်သိမ်းဖို့အတွက် လုပ်ဆောင်တော့မှာပါ”ပာု ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လက်ရှိ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးအောင်မောင်းသည် အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Yangon chronicle

No comments:

Post a Comment