လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြား အစီအစဉ် (စက်တင်ဘာလ ၃ ရက် ၂ဝ၁၂)
- အခြေခံဥပဒေခုံရုံး စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ နေရာမှာ အမ်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်းဆွေကို အစားထိုး တာဝန်ပေး၊
- ရေဘေးသင့်ပြဿနာ ရေတိုရေရှည် အစီအစဉ် ချမှတ်ဖြေရှင်းဖို့ အရေးကြီးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား၊
- သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်ကို ထောက်ခံတဲ့ မန္တလေး ဆန္ဒဖော်ထုတ်ပွဲ အစီအစဉ် ဒုတိယနေ့ ဆက်လုပ်၊
- ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ၂ဝ၁၃ နှစ်ဆန်းပိုင်း စတင် ထုတ်ဝေနိုင်မည်၊
- ကုလ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ကြီးမှူးပြီး လူ့အခွင့်အရေးဆွေးနွေးပွဲ ပြုလုပ်၊
- လှိုင်သာယာ စက်မှုဇုန် အလုပ်သမား ၂ ရာ ကျော် စီတန်းလှည့်လည် ဆန္ဒပြ၊
- ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်း၊
- နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် မြန်မာနိုင်ငံ ရောက်ရှိလာ၊
- KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေး၊
... စတဲ့ သတင်းတွေ အပြင်
ကလေးစစ်သားတွေ မိဘရပ်ထံ လွှဲပြောင်းအပ်နှံတဲ့ အခမ်းအနား၊
- ၂၄ နှစ်အတွင်း
ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ABSDF ဥက္ကဋ္ဌဟောင်း
မိုးသီးဇွန်နှင့် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများ၊
- ပြည်ထောင်စုဝန်ကြီး ၃ ဦးနှင့် ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲ၊
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ၊
-
ကရင်နီ တိုင်းရင်းသားဘာသာ အစီအစဉ် (အစိုးရတပ်က တည်ဆောက်နေတဲ့
စစ်လေ့ကျင့်ရေးကျောင်းကို အမြောက်တင့်ကားတွေ ပို့ဆောင်နေတဲ့ အကြောင်းနဲ့
မော်ချီးဒေသမှာ ခဲသတ္တု ဈေးနှုန်း တိုးမြှင့်ပေးဖို့ ကလလတ အဖွဲ့က
သတ္တုတွင်းဝန်ကြီးကို တောင်းဆိုလိုက်တဲ့ အကြောင်း- မြန်မာဘာသာ စာတန်းထိုး)
... စတဲ့ အစီအစဉ်တွေကို ဒီကနေ့ ကြည့်ရှုရမှာပါ။
No comments:
Post a Comment