Pages

Tuesday, 18 September 2012

အစိုးရတပ်နှင့် KIA တို့ ဋ္ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ


(photo- Min Htay)



တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ် လိုင်ဇာမြို့အနီး ထိုးစစ်ဆင်
တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA နှင့်ABSDF (မြောက်ပိုင်း) ကျောင်းသားတပ် ပူးပေါင်း
အဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ယခု သတင်းရေး
သားနေချိန်မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

မြစ်ကြီးနား - ဗန်းမော်ကားလမ်း အနီး KIA ဋ္ဌာနချုပ်လိုင်ဇာနှင့် ၅ မိုင်ဝန်းကျင်ခန့်အကွာရှိ လဂျာ
ယန်ရွာနှင့်တုံဖုန်းယန်ရွာအထက်ပိုင်း နှစ်နေရာတွင်နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရ
တပ်ဘက်မှလက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်နေကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူး
တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရတပ်ဘက်က အင်အားများတယ်။ ပြန့်ဘက်ကနေ တက်လာတာ ။ အခု လက်နက်ကြီး
တွေနဲ့ တရစပ်ပစ်နေတယ်။ အခု လက်နက်ငယ်တွေနဲ့ ပစ်နေကြပြီ ” ဟု သူက ပြောသည်။

KIAတပ်ဖွဲ့မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လျှက်ရှိရာ အစိုးရတပ်များ လူစု
ကွဲကာ ကစဉ့်ကလျား ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

“အခုလောလောဆယ်အထိ အစိုးရတပ်ဘက်က စခန်းသိမ်းနိုင်တာမရှိသေးဘူး။ လဂျာယန်
နားမှာရှိတဲ့ သူတို့တပ်ကုန်းကို လူအင်အား (၁၀၀) ကျော်လောက် တက်သွားတယ်။ ပြန
့်မှာတော့ အများကြီးရှိနေသေး တယ်။ (KIA) ဒီဘက်ကလည်း ၁၂၀ တွေနဲ့ အဲဒီကုန်းကိုရော
ပြန့်ဘက်ကိုရော လှမ်းပြီးထုနေတယ်။ တချို့နေရာတွေမှာ လူနဲ့ပိတ်ပြီး မိုင်းတွေလည်း
ထောင်ထားတယ် ” ဟု သူက ဆိုသည်။

လတ်တလော အစိုးရတပ်ဘက်မှ KIA ၏ ဗဟိုလုံခြုံရေးတပ်ဖြစ်သော တပ်မဟာ (၅)
နယ်မြေနှင့် ဗန်းမော်ခရိုင် လွယ်ဂျယ် အနီးရှိ စခန်း တစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး
နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သိရသည်။

(Posted by- သျှမ်းသံတော်ဆင့်

No comments:

Post a Comment