Pages

Friday, 14 September 2012

"သျှီ့အကြောင်းကို Documentaryရိုက်မယ့် အင်္ဂလန်က ရဲခန့်"



မြန်မာအနုပညာရှင်တွေ အင်္ဂလန်နိုင်ငံကို ဖျော်ဖြေရေးသွားရောက်ကြတဲ့အခါ အင်္ဂ လန်နိုင်ငံကနေ တတ်နိုင်သမျှရိုက်ကူးရေးပိုင်း တွေမှာ ကူညီပေးနေသူ တစ်ယောက်ရှိပါတယ်။ သူကတော့နှင်းဆီအဖွဲ့ရဲ့ ခရီးသွား ရိုက်ကူးရေးတွေ မှာလည်း ရိုက်ကူးတည်းဖြတ် ပေးနေသူရဲခန့်ပါ။ အခုလည်း စက်တင်ဘာ ၅ရက်နေ့က Lazy Club တီးဝိုင်းနဲ့အတူ အင်္ဂလန်ဖျော်ဖြေရေးထွက်ခွာသွားတဲ့ သျှီရဲ့ Documentaryက
ို ရိုက်ဖို့စီစဉ်နေတယ်လို့ သိရပါ တယ်။ အဲ့ဒီအကြောင်းကို ရဲခန့်က "မသျှီကို လွန်ခဲ့တဲ့ ၁ဝနှစ် လောက်က သူ့ရဲ့ Documentary ကိုViva Entertainment ဗီဒီယိုမဂ္ဂဇင်းအတွက် ရိုက်ပေးဖူးတယ်။ အဲဒီလိုပုံစံမျိုးလေးအမှတ်တရဖြစ် သွားအောင် ဒီမှာ နောက်တစ်မျိုးလုပ် ကြရအောင်လို့ သူ့ကိုပြောတော့ သူကလည်း လုပ်ချင်တယ်ဆိုတာနဲ့ စီစဉ်လိုက်တာပါ။ ဘယ်မှာထည့်မလဲ ဆိုတာကတော့ မသိသေးဘူး။အရင်လိုပုံစံလေးပဲ ရိုက်မှာပါ။ အရင်ပုံစံဆို တာက ဟိုးတုန်းကကျွန်တော် Viva Entertainment အတွက် Start Profile ဆိုပြီး ကိုထူးအိမ်သင်၊မနဝရတ်၊မသျှီ၊ကိုမျိုးကြီးတို့အတွက် အတိုလေးတွေ ရိုက်ပေးဖူးတယ်။ အဲလိုပုံစံ မျိုးလေးတွေပဲ နောက်တစ်ခု ထပ်လုပ်ချင်လို့ပါ။ ရိုက်ပြီး Edit လုပ်ပြီးရင် မသျှီကို အမှတ်တရ လက်ဆောင်ပေးလိုက်မှာပါ" လို့ ရဲခန့်က ပြောပါတယ်။ ရဲခန့်က အင်္ဂလန် ခရီးမှာပါဝင်တဲ့ ဂျင်းနီရဲ့ တစ် ကိုယ်တော် အခွေအတွက်လည်း အမ်တီဗီနှစ်ပုဒ်ရိုက် ပေးဦးမှာဖြစ်ပြီး Lazy Club တီးဝိုင်းနဲ့ အတူ စိုးပိုင်၊သျှီ၊နောနော်၊အောင်လတို့ရဲ့ ဖျော်ဖြေပွဲကိုလည်း ရန်ပုံငွေအခွေပြန်ထုတ်ဖို့ ရိုက်ကူးပေးဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ရဲရဲ

No comments:

Post a Comment