Pages

Monday, 3 September 2012

မထသအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၂၆)အရ အမြတ်အစွန်း ရရှိရေးအတွက် မဟုတ်သော ၀န်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိ



Monday, 03 September 2012 13:51
မထသအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၂၆) အရ အမြတ်အစွန်း ရရှိရေးအတွက်မဟုတ်သော ၀န်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ သိရှိရသည်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ရန်ကုန်တိုင်းဒေသကြီး)၏ ၂၀၁၂ ခုနှစ် သြဂုတ်လက တင်ပြခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
ယင်းကုမ္ပဏီ အက်ဥပဒေ ၂၆ အရ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့များကို ဖောင်ဒေးရှင်းဟု ခေါ်ဆိုနိုင်ပြီး၊ ယင်းအဖွဲ့အစည်းသည် အစိုးရပိုင် အဖွဲ့မဟုတ်ကြောင်း တရားဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။ အဖွဲ့တွင် ပါဝင်စီမံအုပ်ချူပ်သော သူတို့ကို အသင်းဝင်များက မဲဆန္ဒ္ဒပေးအပ်ခန့်ထားသောကြောင့် ဒီမိုကရေစီနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်ကိုလည်း သိရှိရသည်။ ထိုသို့ ဖွဲ့စည်းသော်လည်း ယာဉ်များကို ယာဉ်ပိုင်ရှင်များကသာ ပိုင်ဆိုင်ကြပြီး ပိုင်ဆိုင်မှုအတွက် ရရှိသော အဖိုးအခများကို ၎င်းတို့ကသာ ရရှိမည်ဖြစ်ပြီး
အများက ရွေးချယ်တင်မြောက်ခြင်းခံရသော အုပ်ချုပ်သူတို့အနေဖြင့် အုပ်ချူပ်ခ ၂ ရာခိုင်နှုန်းကိုသာ ရရှိမည်ဟု သိရှိရပါသည်။
''ကျွန်တော်တို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖို့ လျှောက်ထားခဲ့တာပါ၊ အဓိက ဒီခရီးသွား လုပ်သားပြည်သူတွေ ဒီထက်ပိုပြီး အဆင်ပြေပြေသွား လာနိုင်အောင် ခေတ်စနစ်နဲ့အညီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဆင့်မြင့်မားလာဖို့ ဆောင်ရွက် သွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိမ်းရေး ကော်မတီ(မထသ)မှ ဒုတိယဌာနမှူး ဦးဝင်းဇော်က ပြောကြားခဲ့ပါသည်။
အုပ်ချုပ်စီမံခန့်ခွဲရန် ရွေးချယ်ခြင်းခံရသော ပုဂ္ဂိုလ်တို့သည်အုပ်ချုပ်သည့် ကာလတွင် အဖွဲ့ကရရှိသော ၂ ရာခိုင်နှုန်းမှ ၎င်းတို့အတွက်လစာငွေ ခံစားခွင့်ရမည်ဟုလည်း သိရှိရသည်။ စီမံခန့်ခွဲမှုပြုရာမှ ပိုလျံသော အမြတ်ငွေများကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အနုပညာ စသောကဏ္ဍများသို့ ထောက်ပံ့ခြင်း ပြုနိုင်သော်လည်း အသင်းသားများအနေဖြင့် ခွဲဝေရယူခြင်းများ ပြုလုပ်၍မရ ကြောင်းလည်း သိရှိရသည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စတို့ကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် တရားဝင်ပြဋ္ဌန်းထားပြီးဖြစ်သော ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ (၂၆) ဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ယင်းစာတမ်းမှ သိရှိရပါသည်။ ထို့ပြင်ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် အစိုးရပိုင် အဖွဲ့မဟုတ်ကြောင်းလည်း သိရှိရပါသည်။ ယင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် ဖွဲ့စည်းခွင့်တင်ပြပြီး ဖြစ်သည်ဟုလည်း သိရှိရပါသည်။
http://news-eleven.com/

No comments:

Post a Comment