အခု ရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာတွေ အခါခါ စဉ်းစားမိနေတယ် ...
လက်နက်ကိုင် တော်လှန်ရေးက ဒဏ်ရာတွေ သက်သာဖို့ ခက်တယ်တဲ့ ၊ အကြမ်းမဖက် တော်လှန်ရေးက အချိန်ကြာပေမယ့် ဒဏ်ရာဒဏ်ချက် နည်းတယ်တဲ့ ...
အရင်က ဘယ်ဘိုးအေတွေ ပြောဘူးတဲ့ စကားလည်းတော့

မသိပါဘူး ၊ အဲသည်လို စကားမျိုးကို ကျုပ်ကိုယ်တိုင် ကြားဖူးတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဆီက ပထမဦးဆုံးပါ ....
ကိုရာဇာ ဆီက သည်ဓါတ်ပုံတွေကို ပြန်တွေ့ရတော့ ၀မ်းနည်းမိတယ်။ အချို့ လူငယ် ခေါင်းဆောင်တွေလည်း သေနတ်ကိုင်ပြီး အာဏာရှင် ပေါက်စလေးတွေ ဖြစ်သွားကြတယ် ...
ဥက္ကဌ အတွင်းရေးမှုး ဆိုတဲ့ နေရာလေးတွေကို မက်မောကြတယ် ၊ အချင်းချင်း မယုံကြည် သတ်ဖြတ်ကြတယ် ။ အဲသည် ဒဏ်ရာတွေဟာ အနာဖေးတောင် မတက်သေးတာကို အခု လက်တလောမှာ မျက်မြင်ကိုယ်တွေ့ မြင်နေရတယ်။

No comments:
Post a Comment