Pages

Sunday, 2 September 2012

သမိုင်းမှာမင်းတရားခံဖြစ်မယ်

သမိုင်းလှအောင် မလုပ်နိုင်ရင်တော့ သမိုင်းမကွေးစေဖို့နဲ့ ရုပ်ဆိုးအကျည်းမတန်စေဖို့ ဆရာက သတိပေးရေးဖွဲ့ခဲ့တဲ့ ကဗျာလေးပါ.. ခေါင်းစဉ်က-

သမိုင်းမှာမင်းတရားခံဖြစ်မယ်

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊


တရားဆိုတာ
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတိ။



ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။

တင်မိုး
ပေးပို့ သူ  မောင်ရှင် မိုးသောက်ကြယ်

No comments:

Post a Comment