Pages

Thursday, 27 September 2012

တိုင်းပြည်နဲ့လူမျိုးတွက်ဖြစ်ပါစေ



တိုင်းပြည်နဲ့လူမျိုးတွက်ဖြစ်ပါစေ

မြန်မာသမ္မတ ဦးသိန်းစိန်နှင့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
(ဟီလာရီကလင်တန်)တို့စုစည်းတွေ့ဆုံ
မြန်မာ့ပို့ကုန်အဖုံဖုံတို့ကို
ကုံလုံပြည့်ဝ ရောင်းချနိုင်ရန်
ပိတ်ဆို့ထားခြင်းမှ ပယ်ရှားရုပ်သိမ်း
လွတ်ငြိမ်းခွင့်ပေးလိုက်ပြီ…။

ဤမွေးသတင်းလေးက
အပြေးကလေးနဲ့ ကမ္ဘာအနှံ့
ပြန့်နှံ့ခဲ့ပါလေပြီ…။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး
ဆိုးကျိုးမွှေရာမှ
တမျိုးတိုးအဆင်ပြေလာပြီး
မြေကြီးက ရွှေသီးအောင်စိုက်
ဗိုက်ကလေးဝ ခါးကလေးလှတော့မှာပါကလား
ဒီအတိုင်းသွားရင်တော့ အကောင်းသား…။

ဒီလိုမှမဟုတ် အညစ်ဥာဏ်တွေထုတ်
အသစ်တဖန်တတပ်တအား လာဘ်တွေစား
အမြတ်တွေပွားသမျှ ချူကြ ယူကြ
စားနေကြမယ်ဆိုပြန်ရင်..သမင်မွေးရင်း
ကျားစားရင်းနဲ့ ဒုံရင်းဒုံရင်းဖြစ်သွားမှာ
နေချာနေပါတယ်…။

စီးပွားရေးပိတ်ဆို့မှု ပွင့်သွားတဲ့အတွက်
ရက်ရက်စက်စက်ခိုးစားထားတဲ့စားဖါးတွေ
ငွေမဲကနေ ငွေဖြူဖြစ်အောင်
ကြံဆောင်အကွက်ကျော် လုပ်ဖေါ်ပေတော့မည်
ဤသည်ကိုအစိုးရက ချုပ်ကိုင်နိုင်မှ
ချွတ်ခြုံဘ၀မှ လွတ်မြောက်ရမည်
သမ္မတကြီး အခါမနှေး ကိုင်ပေးတော်မူပါ။

တက္ကသိုလ်ဘုန်းကြွယ်(၉-၂၆-၁၂)

No comments:

Post a Comment