Pages

Monday, 3 September 2012

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်း တစ်သောင်းကျော်ကို အရပ်ဘက်ဝန်ထမ်းအဖြစ် ပြောင်းလဲဖွယ်ရှိနေ

By Internet Journal 3 September, 2012 - 15:15

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး ကော်ပိုရေးရှင်း အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်သည် အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများ အဖြစ် ပြောင်းလဲသွားဖွယ်ရှိကြောင်း အဆိုပါ လု
ပ်ငန်းဌာနမှ အကြီးအကဲတစ်ဦးက ဆိုသည်။

“ဘာမှန်း မသိသေးဘူး။ ကျွန်တော်တို့က ပင်စင်ဖြစ်မှာလား၊ အရပ်ဘက်ဝန်ထမ်း ပြန်ဖြစ်မှာလားဆိုတာ တိတိကျကျ မပြောသေးတော့ မသိသေးဘူး။ ဆက်သွယ်ရေးလုပ်ငန်းဆိုတာကတော့ မရှိတော့ဘဲ ဆက်သွယ်ရေး ကော်ပိုရေးရှင်းဆိုပြီး ဖြစ်သွားမှာပဲ။ ဆက်သွယ်ရေး လုပ်ငန်းမှာဆိုရင် တိုင်းနဲ့ပြည်နယ် အဆင့်ထိ ဝန်ထမ်း ၁၄၀၀၀ ဝန်းကျင်လောက်ထိ ရှိတယ်” ဟု အထက်ပါ အကြီးအကဲက ပြောသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ယခုလအတွင်း ထုတ်ပြန်ကြေညာလိုက်သည့် ပြုပြင်ပြောင်းလဲခြင်း အစီအစဉ်အရ ဝန်ကြီးဌာန လက်အောက်၌ ဖွဲ့စည်းထားရှိသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်း ဆောင်ရွက်စေမည် ဖြစ်သည်။

အဆိုပါ ကော်ပိုရေးရှင်းနှင့် ပတ်သက်၍ ပြောင်းလဲဖွဲ့စည်းသွားမည့် အချိန်ကို ဝန်ကြီးဌာနအနေဖြင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဆက်သွယ်ရေး ကော်ပိုရေးရှင်းအနေဖြင့် Myanmar Telecom ကုမ္ပဏီကို ထူထောင်၍ အခြားသော ကုမ္ပဏီ ၃ ခုနှင့် Telecom ဝန်ဆောင်မှုများကို ယှဉ်ပြိုင်ဆောင်ရွက်ရမည်ဟု ဆိုသည်။ အစိုးရဝန်ကြီးဌာနများ အနက် ပြုပြင်ပြောင်းလဲခြင်း အစီအစဉ်ကို ပထမဦးဆုံး ရေးဆွဲခဲ့သည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဖြစ်သည်ဟု ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိက ပြောသည်။

မြင့်ကျော်လှိုင်

No comments:

Post a Comment