Pages

Saturday, 1 September 2012

၈၈ ရဲ့ စေတနာဝသန် ဂီတရန်ပုံငွေပွဲ (ဓါတ်ပုံများ ဗွီဒီယို )

၈၈ ရဲ့ စေတနာဝသန် ဂီတရန်ပုံငွေပွဲ မြင်ကွင်း သတင်း အိမ့်သံစဉ် ကိုထွန်းဝေ



အဖွင့် အမှာစကားပြောကြားနေတဲ့ မင်းကိုနိုင်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်၊ ၈၈ မျိုးဆက်ကျောင်းသားများ

၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ စတင်လိုက်ပါပြီ။

ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်း စင်တာလို့ ခေါ်တဲ့ MCC ခန်းမမှာ မြန်မာစံတော်ချိန် ညနေ ၄ နာရီကပဲ စတင်လိုက် တဲ့ အခမ်းအနားကို ကိုမင်းကိုနိုင်က အဖွင့်အမှာ စကားပြောကြားပြီး ၈၈ မျိုးဆက်ကျောင်းသား၊
ကျောင်းသူများ နဲ့ အဆိုတော်များက" ၈၈ ငြိမ်းချမ်းရေး တေးသံ" အဖွင့် သီချင်းကို ဆက်လက် သီဆိုကြ ပါတယ်။

အခမ်းအနားကို မကြာသေးခင်ကမှ သမ္မတရုံး ၀န်ကြီး ဖြစ်လာတဲ့ ယခင် စက်မှု ၀န်ကြီး ဦးစိုးသိန်းလည်း တက်ရောက်လာပါတယ်။ နောက် သမ္မတရုံး ၀န်ကြီးဖြစ်တဲ့ ဦးအောင်မင်းလည်း တက်ရောက်လာပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ပြည်သူ့ ဗိုလ်ချုပ်ကြီး ဦးတင်ဦးလည်း တက်ရောက်အားပေးပါတယ်။
ဂီတပွဲမှာတော့ လက်ဆောင်ပစ္စည်းတွေကိုလည်း ရောင်းချပြီး ၀ယ်ယူအားပေးတဲ့သူတွေလည်း များလှပါတယ်။ ကိုမင်းကိုနိုင်၊ ကိုပြုံးချို တို့ ရေးဆွဲဖန်တီးအလှဆင်ထားတဲ့ ငြိမ်းချမ်းရေး ဂစ်တာ တလက်ကို လည်း လေလံ တင် ရောင်းချရာ ၅၈၈ သိန်းနဲ့လေလံအောင်သွားတဲ့ ၈၈ ဂစ်တာတဲ့
ဖြစ်ပါတယ်။

ဒီအပြင် ပိုလှသော မနက်ဖြန် သီချင်းခွေကိုလည်း ဖြန့်ချီနေပြီဖြစ်ပါတယ်။ ဒီပွဲကို တချိန်က ၈၈ မှာ ဦးဆောင်ခဲ့ကြ တဲ့ သူတွေအားလုံး ဆုံဆည်းကြတဲ့ထူးခြားတဲ့ ပွဲပါ။ မြန်မာနိုင်ငံကို ဒီကနေ့ မှ ရောက်တဲ့ ကိုမိုးသီးဇွန်နဲ့ အဖွဲ့၊ တနေ့က ရောက်နေတဲ့ ဒေါက်တာနိုင်အောင် စသဖြင့် ပြည်တော်ပြန်တွေလည်း တက်ရောက်နေပါတယ်။








သတင်း အိမ့်သံစဉ် ကိုထွန်းဝေ
ဓါတ်ပုံများ၈၈၈၈ နှင့် ဘားမားဗွီဂျေ

No comments:

Post a Comment