Pages

Sunday, 26 August 2012

လှည်းကူး ရေဘေးဒုက္ခသည်တွေကို NLD သွားရောက်ကူညီ

RFA Burmese သတင်း

လှည်းကူး ရေဘေးဒုက္ခသည်တွေကို NLD သွားရောက်ကူညီ

ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က
ရေဘေးဒုက္ခသည် လယ်သမားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သွားရောက် ကူညီနေရာမှာ ဒီကနေ့ အဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ယက်က အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ NLD လှည်းကူးမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

လှည်းကူးမြို့နယ်အတွင်း လက်ရှိ ရွာပေါ

င်း ၃၀ ကျော် အပါအ၀င် လယ်ဧက နှစ်သောင်းကျော် ရေနစ်မြှုပ်ခဲ့ပါတယ်။

အာဏာပိုင် အဖွဲ့အစည်းတွေဘက်ကလည်း ရွှေ့ပြောင်း နေရာချထားဖို့ အတွက် ငါးထပ်ကြီးဘုရား၊ ကန်သာယာဘုန်ကြီးကျောင်း၊ စတဲ့နေရာတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ကျေးရွာတွေက ရေဘေးဒုက္ခသည်တွေရဲ့အခြေအနေဟာ ပိုပြီး
ဆိုးရွားနေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အရာရှိတဦးရဲ့ ပြောဆိုချက်အရ တနိုင်လုံး အတိုင်းအတာ
အရ ရေဘေးဒုက္ခသည် ရှစ်သောင်းခွဲလောက်ရှိပြီး လယ်ဧက စုစုပေါင်း
ခြောက်သိန်းကျော် နစ်မြှုပ်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment