Pages

Wednesday, 29 August 2012

ရခိုင်မြေ ငြိမ်းချမ်းပါစေ ရန်ပုံငွေပွဲ




ရခိုင်ဒေသရှိ ဒုက္ခသည်များ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲကို သြဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်းဓ္ဓမလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။




ပွဲစဉ်ကျင်းပတဲ့ နေမှာ မိုးသည်းထန်းစွာရွာသွန်းခဲ့တဲ့ အတွက် ကျင်းပမယ့် MCC ခန်းမရှေ့မှာ ရေများပြည့်လျှံ နေတာကြောင့် ကျင်းပတဲ့ အချိန်ကို အနည်းငယ်ရွှေဆိုင်းခဲ့ရပါတယ်။






ရခိုင်မောင်မယ်များဖြစ်တဲ့ နေတိုး၊ ရတနာမိုင်၊ ချမ်းချမ်း၊ ၀င်းကိုခိုင်တို့က ရခိုင်တေးသရုပ်ဖော် သီချင်းများဖြင့် ရခိုင်မြေ ငြိမ်းချမ်းရေးအတွက် ရခိုင်စည်းတော်နဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။



ရရှိတဲ့အလှူငွေများကို စက်တင်ဘာလ ၂ ရက်နေ့မှာ အနုပညာရှင်များလိုက်ပါပြီး စစ်တွေမြို့ ကိုသွားရောက် လှူဒါန်းသွားမှာဖြစ်ပါတယ်။














No comments:

Post a Comment