Pages

Sunday, 26 August 2012

မန္တလေးမြို့ တမ္ပ၀တီ ခတ္တန်းရပ်ကွက်တွင် လူသတ်မှုဖြစ်ပွား


မန္တလေးမြို့၊တမ္ပ၀တီ ခတ္တန်းရပ်ကွက်တွင် သြဂုတ်လ၂၃ရက်နေ့ ည၁၁နာရီ အချိန်ခန့် က လူသတ်
မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။တမ္ပ၀တီရပ်ရှိ ကြေးလုပ်ငန်း လုပ်ကိုင်သည့်

နေအိမ်တစ်အိမ်တွင် အလုပ်သမားမှ အလုပ်ရှင်အား သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ဖြစ်စဉ်နှင့်
ပတ်သက်၍ သေဆုံးသူ နှင့်နီးစပ်သူတစ်ဦးက

“ညနေအလုပ်သိမ်းတဲ့အချိန်မှာ ကျန်တဲ့အလုပ်သမားတွေ ပြန်သွားပေမယ့် အခု ကျူးလွန်တဲ့သူက မပြန်ပဲ အခန်း တစ်ခုထဲမှာ ခိုအောင်းနေခဲ့တာ။



 ည ၁၁ လောက်ကျတော့  အိမ်သားတွေ အိမ်လောက်ပြီ အထင်နဲ့ထွက်လာတဲ့အချိန်မှာ အလုပ်ရှင် ဦးတင်မောင်မြင့်နဲ့ ထိပ်တိုက်တိုးမိတာပဲ။

 အဲဒီမှာ သူက ဦးတင်မောင်မြင့်ရဲ့ ရင်ညွှန့်ကို ဓားနဲ့အရင် စထိုးလိုက်တယ်။ ရုန်းရင်ဆန်ခတ်တွေ
 ဖြစ်တော့ ဦးတင်မောင်မြင့် အမျိုးသမီးကလည်းဝင်ပြီး ဆွဲရင်းပြုရင်းနဲ့သူပါ ဓားဒဏ်ရာတွေရ ကုန်တယ်
”ဟု ပြောကြားပါသည်။

ဦးတင်မောင်မြင့် အသက် (၅၃)နှစ်မှာ ရင်ဘက်ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ၊ ၀ဲနံဘေးထိုးသွင်းဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း၊ ၄င်း၏ အမျိုးသမီးမှာနောက်ကျောဘက်၌ ဒဏ်ရာများရရှိခဲ့သည့် အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

 “သူတို့မိသားစုက လေးယောက်ပဲနေကြတာ။ ကိုးတန်း ကျောင်းသားနဲ့ပထမနှစ်ကျောင်းသူ သားသမီးနှစ်ယောက်ရယ်နဲ့နေတာ။ အခုအလုပ်သမားလေးက ဒီမှာလုပ်လာတာ၂ နှစ်လောက်ရှိပြီ”ဟု ဆက်လက်ပြောပြပါသည်။

အဆိုပါ အလုပ်သမားအား ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး ယင်းဖြစ်ပွားစဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကိုငတိ (၂၀)နှစ်အား အမှတ်(၁၀)ရဲ စခန်းမှ (ပ)၃၃၈/၂၀၁၂၊ ပုဒ်မ-၃၀၂ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment