Pages

Friday, 24 August 2012

"စိုးထိတ်မိတယ် ဧရာဝတီရေ"


"စိုးထိတ်မိတယ် ဧရာဝတီရေ"

မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi )

ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်သွားမှာ စိုးရိမ်လို့ ကဗျာ ရင်ငြိမ်းသူရဲ့ ကဗျာ တပုဒ်ပါ။


စောစောစီးစီး သိလိုက်ရတာ
သက်ရှိအရာများ
နိုးမထသေးခင်
သူ့အသည်းကြား တစ်နေရာက
သယံဇာတတွေ ခန်းခြောက်ရတော့မယ်တဲ့လေ.....။

ငါတို့အမြတ်တနိုး ထားနေရတဲ့
သူ့ မွေးဖွားလာခဲ့ရတဲ့ မြစ်ဆုံဟာ
အခုဆို
မျက်ရည်ဥတို့ တွဲခိုလို့
အတ္တ တရားရဲ့
ရမ္မက်လောင်ကျွမ်းမှုတွေနဲ့ ခြောက်ခြားခံနေရတယ်လေ.....။

ငါတို့သိတဲ့ ဘ၀ဆိုတာ
အချိန်ဆိုတဲ့ ပိုင်နက်ထဲ
ဆန့်သောလက်တို့ မကွေးမီ
ကွေးသောလက်တို့ မဆန့်ခင်
သင့် ရေစီးသံလေး ခံစားရင်း
ငါတို့ မသိတဲ့ တစ်နေ့မှာ
သင့် ရင်ခွင်မှာ သွေးတွေ စီးဆင်းနေမှာ စိုးထိတ်မိတယ်...ဧရာတီရေ.....။ ။

(ရန်ငြိမ်းသူ)

No comments:

Post a Comment