Pages

Monday, 21 April 2014

အကြေကွဲရဆုံး နေ့ 





ဘဘရဲ့  ရုပ် ခန္ဓာကို နောက်ဆုံး ဘဘမရှိတော့တဲ့ အနေနဲ့ ဖော်ပြလိုက်ပါတယ်။
စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင် ဟာ ရန်ကုန်မြို့ ဆေးရုံကြီးမှာ ဒီမနက် 21.4.2014  ရက်နေ့  နံနက်၆နာရီခွဲ လောက်က ဘဘရဲ့  ကျောက်ကပ် တတိယအကြိမ်ဆေးကြောမှုပြုလုပ်ပြီး နာရီအနည်ငယ်သာ ခံကာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးလည်း ဖြစ်တဲ့ သတင်းစာဆရာကြီးဦးဝင်းတင် ဟာ ၀တ္တု၊ ၀တ္တုတို၊ ကဗျာ၊ ဆောင်းပါး စတာတွေ ကို ရေးသားခဲ့သလို
 မီးလျှံဖီးနစ်ငှက် အာဇာနည်မျိုး သေရိုးမရှိတဲ့ငှက်။ သေကိန်းကြုံတိုင်း မီးလျှံမီးပုံထဲ ခုန်ဆင်းတယ်။ သက်ရှင်သန်စွမ်း ပျံသန်းပြန်သတဲ့။ ဒီငှက်အကြောင်း ကမ္ဘာ့စာပေ၊ တရုတ်ကဗျာတွေ၊ အင်္ဂလိပ်ကဗျာတွေမှာ ကောင်းကောင်းစာဖွဲ့ခဲ့တယ်။ ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ရှိုက်စပီးယားက ကြံကြံဖန်ဖန်မီးလျှံငှက်နဲ့ လိပ်ကောင်ကို ဇာတ်ဆောင်ထား ကဗျာဖွဲ့ဖူးသေးတယ်။

အခုအခါ သူမရှိတော့ပြီ

သူ့ ရဲ့  ဈာပန အစီအစဉ်နဲ့  ပြည်သူများတောင့်တနေတဲ့ သိချင်နေတဲ့ နေ့ ရက်များကို  တခါတည်းဖော်ပြပေးလိုက်ပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကထုတ်ထားတာဖြစ်ပါတယ်။

ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။


လေးစားလျက်
ကိုထွန်းဝေ
ပြန်လည်မျှဝေပေးပါတယ်။
21.4.2014
ဓါတ်ပုံ  Nyan Aye


























No comments:

Post a Comment