Pages

Tuesday, 5 November 2013

ထလော့ မြန်မာ အိုမြန်မာတို့



ကျနော့်အကြိုက်ဆုံးထဲကတစ်ခုဖြစ်ပါတယ်။
သတိပေးနှိုးဆော်သံကို  အကြိုက်ဆုံးမို့   ၀ိုင်းပြီးအားပေးကြရအောင်

သိပ်ကောင်းတဲ့ ဆရာဇော်ဂျီရဲ့   သတိပေးသံလေး ၀ိုင်းSHARE ကြပါစို့ 
အရေးကြီးရင်းသွေးနီးကြပါစို့ ။ သတိဆိုတာ ပိုတာမရှိပါ ဒါကြောင့် သင့်ရဲ့ အားဆေးလဲလိုနေပါသေးတယ်။၂၀၁၅ ဆိုတဲ့အချိန်ဟာ တဖြည်းဖြည်း
နီးကပ်လာပြီမို့ ဆရာဇော်ဂျီရဲ့ တို့တိုင်း
ပြည် နဲ့  သတိပေးလိုက်ပါရစေလား

ထလော့ မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ၊တို့ရွာမြေဝယ်၊စေတီစပါး၊
များလည်းများ၏။များပါလေလည်းတမွဲမွဲ
နှင့် ဆင်းရဲကာသာကာလကြာလျှင်၊ယာ
စကာမျိုး၊တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား၊လှည့်လည်
သွားလျှက် မစားလေရ၊ဝမ်းမဝ၍ ဆွမ်းမျှ
မတင်နိုင်ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေတို့ရွာမြေဝယ်၊ရေချိုသောက်
ရန်မြစ်ချောင်းကန်နှင့်၊သီးနှံချိုပျား၊များ
လည်းများ၏၊များပါလေလည်းတမွဲမွဲနှင့်
ဆင်းရဲကာသာကာလကြာလျှင် မြင်သာ
မြင်ရမစားရ၍ တောကပြိတ္တာဖြစ်မည်
တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့်၊မလျှော့လုံ့လ သူကစ၍
ငါကအားလုံး လက်ရုံးများမြောင် ဥာဏ်
များမြောင်နှင့် စွမ်းဆောင်ကြလေဆောင်
ကြလေလော့။
ဤမြေဤရွာ ဘယ်သူ့ရွာလည်း
ဤယာစပါး ဘယ်သူ့စပါးလဲ
ထလော့တာဝန်ပွန်လော့လုပ်ငန်း ဥာဏ်
ရှေ့ပန်း၍ တစ်ဝမ်းတစ်စိတ်ညီစေသ
တည်း။
ထလော့ မြန်မာ
ကြွလော့ မြန်မာ
အရေးကြီးပြီသွေးစည်းကြပါစို့
အရေးကြုံက သွေးပေါင်းဆုံကြပါစို့ ။

အမေစုနဲ့  ဒီမိုမိသားစုရေ
၂၀၁၅ မှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပေါ်
ဖို့ ၂၀၀၈ အခြေခံဥပဒေကို ဝိုင်းဝန်းပြင်ဆင်ကြပါ
စို့ လား မိတ်ဆွေတို့။

သင်လဲ ကြိုးစားပေးဖို့ လိုနေပါပြီ။
အရေးကြီးပြီသွေးစည်းကြပါစို့ လားဗျာ


လေးစားလျက်
ကိုထွန်းဝေ
5.11.2013

No comments:

Post a Comment