Pages

Sunday, 3 November 2013

လိုင်ဇာ တိုင်းရင်းသား ညီလာခံက ကြေညာချက်ထွက်


လိုင်ဇာ ကြေညာချက် နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထွက်ပေါ်လာပါပြီ။ အမှန်အကန် အပစ်အခတ် ရပ်စဲရေး အတွက် ဘယ်လို ခြေလှမ်းတွေ ရှိတယ်ဆိုတာတော့ စောင့်ကြည့် ရအုံးမှာပါ။ 



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး 
ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ 
ဖြစ်နေတာတွေဟာ တွေ့ဆုံဆွေးနွေးမှုတွေကို အဟန့်အတားဖြစ်တယ်လို့ တက်ရောက်လာတဲ့ ကိုယ်စား 
လှယ် ၁၀၂ တို့က အလေးအနက် သုံးသပ်ခဲ့ပါတယ်။ 

အဓိက ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ် အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အတွက် လိုင်ဇာ ဆွေးနွေးပွဲက ဘုံသဘောတူညီချက် ၁၁  ချက်ကို ချမှတ်နိုင် ခဲ့ပါတယ်။

ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ 

လိုင်ဇာ ညီလာခံက ချမှတ်တဲ့ ဘုံသဘောတူညီချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ 
ခေါင်းဆောင်တွေနဲ့ အသိသက်သေတွေက လက်မှတ်ရေးထိုးခဲ့ပါတယ်။ 



No comments:

Post a Comment