Pages

Sunday, 3 November 2013

ခေတ်သစ် သူ လိုလူ


သူပေါ့ ဘ၀ ကို အရှုံးမပေးဘူး ဆိုပြီး 
သူ့ကိုယ်သူ အရှုံးပေးသွားတာ
သူဟာ တကယ်တော့ သနားစရာ ကောင်းတဲ့ စစ်အာဏာရှင်ဟောင်းကြီးပါ။ အခုတော့ ကျားအိုကြီး လို ပေါ့။ 

လက်ရှိ နိုင်ငံရေးအခင်းအကျင်းကြီးကို သူကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးစီမံ အကွက်ချထားခဲ့တာ။ သူ့မှာ စိတ်ပူစရာကလည်း အခု သူ စီမံအကွက်ချခဲ့တဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကြီးပေါ့။
မြွေတွေကို နိုင်နင်းကြောင်းပြသတဲ့ မြွေဆရာဟာ မြွေပေါက်ခံနေရပြီ။ 

ဒါပေမယ့် သူကလည်း အဆိပ်ပြင်း မြွေအကြီစား။ သူ့ကိုလူတွေက ရွံမုန်းနေကြပေမယ့် သူဟာ ဇာတ်ခုံပေါ် နေရာယူမထားတော့ပဲ ကန့်လန့်ကာနောက်ကွယ်က ဇာတ်ဆရာကြီးအဖြစ်နဲ့ ။ 

သူ့ကိုလာပြီး ပူဇော်ကန်တော့ကြသူတွေကို ဟိုလူ့ကို တမျိုး၊ ဒီလူကို့ တမျိုးနဲ့ ကြိုးတချောင်းစီနဲ့ ရုပ်သေး ဆရာလို အခုထိ လုပ်နေနိုင်သေးတယ်။ ဆိုလိုတာက သူ့အရိုးမှာ အဆိပ်က ရှိနေသေးတယ်။ 

ဒါပေမယ့် သူလည်း နောက်ဆုံးတော့ သူ့ကိုယ်သူ အရှုံးပေးသွားရတာ ဇရာကြောင့်ပေါ့။ 
ဒါကို ဘယ်သူ လွန်ဆန်လို့ရမှာလဲ။ 

တကယ်တမ်း သူ စိုးရိမ်နေတာ ကျန်ရစ်ခဲ့မယ့် သူ့ သားသမီး၊ မြေး၊ မြစ်နဲ့ မိသားစု၊ တပည့်လက်သားတွေ အတွက်ပါဘဲ။ 

အခုဆို သူ့အကြောင်း ရေးပြတဲ့ ဂျာနယ်တွေလည်း ရောင်းကောင်းနေကြပြီ။ သူ့အတွက် နောက်ဆုံး ထွက် သက်တွေကို စိုးရိမ်မနေပဲ ဖြောင့်ဖြောင့်သွားဖို့ တိုက်တွန်းနေကြတာ MM Play Boys ရဲ့ ပရိသတ်တွေ လည်း ပါတယ်ထင်ပါရဲ့၊ 

တကယ်တော့ သူလည်း ကောင်းတာတွေ လုပ်ခဲ့တာရှိပါတယ်။ နည်းလွန်းလို့ သူ့ခမျာ ကံကြမ္မာရဲ့ မျက်နှာသာ ပေးခြင်း မခံရတာပါ။ 

သူ့ဘဝရဲ့ နောက်ဆုံး စက္ကန့်တွေကို သူ ပြုခဲ့တဲ့ ကံတွေက အကျိုးပေးနေပါတယ်။ 

No comments:

Post a Comment