Pages
▼
( ခင်ဝင့်ဝါ၏ ပထမဆုံးဗီဒီယိုဇာတ်ကားကို ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးမည် )

Miss Internet ဆုအပါအ၀င်ဆုသုံးဆု ဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါ၏
ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင် က အောက်တိုဘာ ၂၃ ရက်တွင်
စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က မဇ္ဈိမသို့ ပြောသည်။
ယင်းသို့ရိုက်ကူးဖြစ်ခြင်းမှာ ဒါရိုက်တာကြည်ဖြူသျှင်အနေဖြင့်
ခင်ဝင့်ဝါကို Miss Supranational ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်စဉ်ကပင်
သဘောကျခဲ့သည့်အတွက် ခင်ဝင့်ဝါ နှင့်လိုက်မယ့် ဇာတ်ညွှန်းရွေးချယ်ကာ
ရိုက်ကူးရန် ကမ်းလှမ်းခဲ့ခြင်းကြောင့်ဖြစ်သည်။
ခင်ဝင့်ဝါက “မကြည်ဖြူသျှင်က သူများနဲ့မတူတဲ့ ဇာတ်ဆန်းဆန်းလေးတွေ
ရိုက်တာကြောင့် ညီမအနေနဲ့လက်ခံပြီး ရိုက်ကူးဖို့ လုပ်ဖြစ်သွားတာပါ။
ညီမအတွက် စိုးရိမ်စိတ်တော့ ရှိပါတယ်။ တစ်ခါမှမရိုက်ဖူးတော့ ကောင်းမှ
ကောင်းပါ့မလား၊ ကြိုက်မှကြိုက်ပါ့မလားဆိုတဲ့
စိုးရိမ်စိတ်တော့ ဖြစ်မိတယ်။ ဒီဇာတ်ကားမှာ ကျွန်မပါဝင်ရမည့်
ဇာတ်ကောင်စရိုက်က ဆန်းဆန်းလေးဖြစ်လို့ အ၀တ်အစားကအစ မကြည်ဖြူသျှင်နဲ့
တိုင်ပင်ပြီးလုပ်သွားမှာပါ။
ညီမရဲ့ ပထမဆုံးဇာတ်ကားဖြစ်လို့ သေချာအကောင်းဆုံးဖြစ်အောင် ဒီဇာတ်
ကားနဲ့ပတ်သက်ပြီး ဇာတ်ညွှန်းက အစသေချာဖတ်ပြီး အကောင်းဆုံးသရုပ်ဆောင်သွားမှာပါ”ဟု ပြောပြ သည်။
ယင်းဗီဒီယိုဇာတ်ကားသည် သည်ခေတ်နေ၏ ၀တ္ထုဖြစ်ပြီးဇာတ်လမ်းကို ကြည်ဖြူသျှင်က
ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဖြစ်သည်။ ၎င်းဇာတ်ကားတွင်
ခင်ဝင့်ဝါနှင့်အတူ ကောင်းပြည့်၊ ပွင့်နှင့် တခြား ဇာတ်ပို့
ဇာတ်ရံများပါဝင်မည်ဖြစ်သည်။
အဆိုပါဇာတ်ကားအား
ခင်ဝင့်ဝါနှင့် ရိုက်ကူးဖြစ်ပုံကို ဒါရိုက်တာကြည်ဖြူသျှင်က “ဓာတ်ပုံတွေ
စတက်လာ ကတည်းက သူ့ပုံစံလေးကိုသဘောကျတယ်။ သူပြန်လာတော့
သူ့ကိုဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတယ်။ သူ့ရဲ့ ပုံစံကချစ်စရာကောင်းတယ်။
အဲဒီပုံကိုပဲ မီးမောင်းထိုးပြီးရိုက်ပြဖို့
လုပ်ထားပါတယ်။ ဇာတ်ကားမရိုက်ခင် သူ့ကို ဇာတ်ညွှန်း ကြိုဖတ်ခိုင်းမယ်။ အစ်မက
ဘယ်သရုပ်ဆောင်သစ်မဆို ကြိုပြီးလေ့ကျင့် ပေးတယ်။ အခု ခင်ဝင့်ဝါကို လည်း
ကြိုပြီးလေ့ကျင့်ပေးမယ်။ သူ့အတွက်က ပထမဆုံးဇာတ်ကားဖြစ်တဲ့ အတွက်
သူဘယ်လောက်အထိ လုပ်နိုင်လဲ၊ ဘယ်လိုကာရိုက်တာတွေလုပ်နိုင်လဲဆိုတာကြည့်ပြီး နောက် ထပ်ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းသွား မှာပါ”ဟု ဆိုသည်။
ယင်းဇာတ်ကားသည် လူငယ်အချစ်ဇာတ်ကားကိုအခြေခံပြီး ဆန်းသစ်အောင် ရိုက်ကူးထားခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၃ ရက်မှစတင်ကာ စုစုပေါင်း ၁၀ ရက်ကြာ ရိုက်ကူးသွားမည်ဖြစ်သည်။
မူရင်း mizzimaburmese.
No comments:
Post a Comment