အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဒီညမှာပဲ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ယူကေနဲ့ အီတလီကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်ပြီးနောက်ပိုင်း ဥရောပကို တတိယတစ်ခေါက် လာရောက်တာလည်း ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဥရောပသမဂ္ဂရုံးချုပ်ကို သွားရောက်ပြီး ဥရောပသမဂ္ဂနဲ့ ဥရောပ ပါလီမန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း လေ့လာမှာဖြစ်ပြီး ဗြိတိန် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောမှာလည်း ဖြစ်ပါတယ်။
ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂအဖွဲ့ အနေနဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် ဆွေးနွေးကြဖို့လည်း အာဆီယံ ပါလီမန် အမတ်များ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
BBC Burmese
18-10-2013
ပြန်လည်မျှဝေပါတယ်.။

No comments:
Post a Comment