ယနေ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့တွင် အမှတ်(၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆရာတော်ကြီးများအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ရွှေတောင်ကုန်းဆရာတော်အပြင် ဆရာတော် အရှင်ဆန္ဒာဓိက၊ သီတဂူဆရာတော် ဦးဥာဏိဿရ စသည့် ဆရာတော်ကြီးများကြွရောက်ခြင်းပဲဖြစ်ပါတယ်။
နောက်ထူးခြားမှုတခုကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့မိသားစုလည်း လာရောက်ကြပါတယ်။
ဒီကနေ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် ရောက်ရှိနေတဲ့ကားတွေအားလုံး ၁၀နာရီ ၃၇ မိနစ်မှာ ဟွန်းတီးအလေးပြုဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
တရားပေးမယ့် ရွှေတောင်ကုန်းဆရာတော်ကြီးကိုလည်း ၁၀နာရီ ၃၇မိနစ်ကြရင် ကားတွေဟွန်းတီးမှာမို့လို့ တရားဟောအနှောင့်အယှက်ဖြစ်မလားဟု အမက လျှောက်ထားပါတယ်။ တမြို့လုံးဟွန်းတွေတီးတဲ့အချိန်မှာ ဆရာတော်ဘုရားက တရားပေးတာ ရပ်နားပေးခဲ့ပါတယ်။
ဓာတ်ပုံများကို လိုသလိုသုံးနိုင်ပါတယ်ခင်ဗျား. . .။
Soe Nyunt

















No comments:
Post a Comment