Sunday 9 June 2013

ရုရှား နိုင်ငံတွင် ''missile defense killer'' (ICBM) အမည်ရှိ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ် ပစ်ခတ်



ဇွန်လ ၉ ရက် ၂၀၁၃

အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေး စနစ်သည် ယခု သီတင်းပတ် အတွင်း ရုရှားနိုင်ငံက စမ်းသပ် ပစ်ခတ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားနှင့် နှိုင်းယှဉ်၍ မရကြောင်း ရုရှား ထိပ်တန်း အရာရှိ တစ်ဦးက ဇွန် ၇ ရက် တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို ဗော်လ်ဂိုဂရက်ဒ်နှင့် အက်စတရာခန် ဒေသ နှစ်ခုကြားရှိ ကာပူ စတင်ယာ စမ်းသပ် စစ်ဆေးရေးကွင်း၌ စစ်မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့က ဇွန် ၆ ရက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စမ်းသပ် ပစ်ခတ်မှုကို အောင်မြင်မှု တစ်ခုအဖြစ် ရုရှား ဒုတိယ ဝန်ကြီးချုပ် ဒီမီထရီ ရိုဂိုဇင်က က ချီးကျူး ဂုဏ်ပြုခဲ့ပြီး ၎င်းဒုံးကျည်ကို ''missile defense killer'' အဖြစ် ၎င်းက အမည်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန် ဒုံးကျည် ကာကွယ်ရေး စနစ်သည် ရုရှားနိုင်ငံ၏ ဒုံးကျည် ကာကွယ်ရေး စနစ်ကို ယခု လတ်တလော တွင် သာမက အနာဂတ် ကာလတွင်ပါ ကာကွယ် တားဆီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ဥရောပရှိ အမေရိကန် ဒုံးကျည် ကာကွယ်ရေး စနစ်သည် မြောက်ကိုရီးယားနှင့် အီရန် နိုင်ငံများမှ ခြိမ်းခြောက်မှု အန္တရာယ်များကို တန်ပြန် တိုက်ခိုက်ရန် ရည်ရွယ်ကြောင်း နေတိုးအဖွဲ့နှင့် အမေရိကန် အာဏာပိုင် များက ပြောကြား ခဲ့သည်။ ထို့အပြင် ယင်းကာကွယ်ရေး စနစ်သည် အမေရိကန်- ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို နှစ်ပေါင်း များစွာကြာ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်စေသည့် အဓိက အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြား သည်။

လစ်ဘွန်းမြို့တွင် ၂ဝ၁ဝ ပြည့်နှစ်က ကျင်းပ ပြုလုပ်ခဲ့သော နေတိုးထိပ်သီး ဆွေးနွေးပွဲတွင် ဥရောပ ဒုံးကျည်ကာ ကွယ်ရေး စနစ်နှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်ရန် ရုရှားနှင့် နေတိုး တပ်ဖွဲ့ဝင် များက တရားဝင် သဘော တူညီမှု ရရှိခဲ့သော်လည်း ၎င်း၏ စနစ်သည် မဟာဗျူဟာမြောက် နျူကလီးယား ဆိုင်ရာ ဟန့်တားမှု များကို ပစ်မှတ်ထား တိုက်ခိုက်လိမ့်မည် မဟုတ်ကြောင်း တရားဝင် အာမခံချက် များကို ရုရှားနိုင်ငံက တောင်းဆိုမှုနှင့် ပတ်သက်၍ ဆွေးနွေး ပွဲများ ပျက်ပြားခဲ့ရသည်။

မြဝတီ

No comments:

Post a Comment