Tuesday 11 June 2013

“ဖေ့ဘုတ်ပရိုဖိုင်းဖြင့်ဝမ်းနည်းကြောင်းပြသသူတွေထဲဒီဇိုင်နာများပါ”



ယမန်နေ့ ကစတင်လာသောဖေ့ဘုတ်ပရိုဖိုင်းအနက်ရောင်ဖြင့်ဝမ်းနည်း ကြောင်းပြသသူတွေထဲမှာယနေ့ ၌ပန်းချီဒီဇိုင်နာများအများအပြားပါဝင်လာသလိုစာနယ်ဇင်းသတင်းထောက်များ၊ဓါတ်ပုံသမားများပါပါဝင်လာတာတွေ့  ရသည်။ကိုယ်တိုင်ဖေ့ဘုတ်ပရိုဖိုင်းတွင်အနက်ရောင်မပြောင်းသည့်တိုင်မလေးရှားနိုင်ငံတွင်ဒုက္ခရောက်နေသူများအမိနိုင်ငံပြန်နိုင်ရေးကူညီမည့်ပုဂ္ဂိုလ်များကိုကောင်းချီးပေးမူများဖြင့်ဝံသာနုရက္ခိတစိတ်ပြသမူတွေတွေ့ ရပါသည်။ ထိုနည်းတူတိုင်တစ်ပါးမှာစိတ်အားငယ်နေရှာမည့်သူတွေအတွက်စာနာတွေးဆပေးကြမူတွေကိုလည်းတွေ့ ရ၏။“မလေးရှားရောက် ရွှေမြန်မာအများစု ပြန်လာခွင့်ရပြီဆိုရင်တောင် Pass Port Inhand မရှိလို့ KLအပြင် မထွက်ရဲဘဲ တံခါးပိတ်ပြီး ခေါင်းမြီးခြုံအိပ်နေရတဲ့ ဘ၀ရောက်နေ ကြတာပါ…”ဟူ၍“ရွှေမြန်မာများကို ကူညီပါ’’ခေါင်းစဉ်ဖြင့်Popular Myanmar News Journalတွင်ရေးသားသောဆရာမောင်မောင်(ရန်ကုန်တက္ကသိုလ်)၏ဆောင်းပါးအပေါ်လည်းသဘောတူလက်ခံအားပေးဆွေးနွေးကြသည်များကိုလည်းအထူးသတိပြုမိရပါသည်။(ပုံမှာဒီဇိုင်းနာဆရာမျိုးဆွေသန်း၊ဒီဇိုင်နာကိုမျိုး၊ဒီဇိုင်နာမြင့်စိုးဦးနှင့်ဒီဇိုင်နာသိုးထိန်းတို့ လက်ရာများဖြစ်သည်။)
မူရင်းပေါ်ပျူလာ
Popular Journal
ကိုမျိုးမြန်မာစာပေးပို့ ပါတယ်။
11.6.2013

Popular Journal




No comments:

Post a Comment