Friday 7 June 2013

ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်နှစ်စီးတိုက်၍ နိုင်ငံခြားသားနှစ်ဦး အပါအ၀င် လေးဦး သေဆုံး။



ရန်ကုန် -နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၈၀ ၊
၅ဖာလုံတွင် နိုင်ငံခြားသားမောင်းနှင်လာသောမော်တော်ယာဉ်မှာ ၎င်း ရှေ့ရှိ အမျိုးသမီး
တစ်ဦးမောင်းနှင်လာသော အိမ်စီးယာဉ်ငယ်အားကျော်တတ်စဉ် တိုက်မိကာ ယာဉ်နှစ်စီးလုံး
တိမ်းမှောက်ခဲ့သည်။

ထိုယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဆွစ်ဇာလန်နိုင်ငံသားနှင့် ၎င်းကားတွင်ပါ နိုင်ငံခြားသားတစ်ဦး၊ေ၇ှ့ကားမှ ယာဉ်မောင်းအမျိုးသမီးနှင့် ယင်းကားတွင်းပါ အခြားအမျိုးသမီးတစ်ဦးတို့ နေရာ၌သေဆုံးခဲ့ပြီး ထိုယာဉ်နှစ်စီးပေါ်ပါ အခြားခရီးသည်
လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ၇ှိသည်။

သူရထွန်း
Popular Myanmar News Journal.

No comments:

Post a Comment