Pages

Thursday, 7 March 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရန် ပြည်တွင်းအခင်းအကျင်းတွင် ယုံကြည် စိတ်ချရမှု လိုအပ်ဟု ဒေါ်စုပြော



မြန်မာနိုင်ငံအတွင်း အခင်အးကျင်းအပေါ် ယုံကြည်မှု ရှိမှသာ ရင်းနှီးမြှုပ်နှံ မှုများ ၀င်ရောက်လာမည် ဖြစ်သဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ယုံကြည်မှု တည်ဆောက်ရန်လည်း အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မတ်လ ၅ရက်နေ့တွင် လွှတ်တော် အစည်းအဝေး၌ နယူးယောက် ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံ အဖွဲ့ဝင် ဖြစ်ရေးအတွက် လွှတ်တော် အမတ်များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။



၎င်းက “စီးပွါးရေး အောင်မြင်ရန် ယုံကြည်မှုပေါ် မူတည်ပါကြောင်း၊ မည်သည့်ဥပဒေ ပြဌာန်း ပြဌာန်း၊ မည်သည့်စာချုပ်များ လက်မှတ်ရေးထိုးသည် ဖြစ်စေ၊ နောက်ဆုံး၌ ရင်းနှီးမြှုပ်နှံရန် စဉ်းစားသူများက မိမိတို့နိုင်ငံအတွင်း အခင်းအကျင်းအပေါ် ယုံကြည်မှု ရှိမှသာ မိမိတို့ မျှော်မှန်းသည့်၊ မျှော်လင့်သည့် ရင်းနှီးမြှုပ်နှံမှုကို ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ရရှိရန် မိမိတို့ဘက်မှ ပြင်ဆင်သင့်သည့် ကိစ္စများကို ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ အတွင်းအင်အားနှင့် အရည်အချင်းကို မြှင့်တင်နိုင်မှသာ နိုင်ငံခြားမှလာရောက်မည့် အခွင့်အရေးများသည် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအတွက်
အပြည့်အဝ အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း” ဆွေးနွေးတင်ပြသည်ဟု အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

နယူးယောက် ကွန်ဗင်းရှင်းမှာ ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အငြင်းပွါးမှုများဖြစ်ပေါ်လာလျှင် ဘုံဥပဒေ စံနှုန်းများဖြင့် ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီတွင် ကုန်ဆုံးမည့် ယခု ဘဏ္ဍရေးနှစ်၏ ကိုးလတာ ကာလအတွင်း မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၇၉၄ သန်း ရရှိခဲ့သည်ဟု လွန်ခဲ့သည့်လက
မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။


မဇ္ဈိမ
7.3.2013

No comments:

Post a Comment