Friday, 29 March 2013

အခန်းပြန်လည်ရရှိရန် အိုးအိမ်ရုံးအရှေ့၌ ဆန္ဒပြ


Friday, March 29, 2013




ရန်ကုန်၊ မတ် ၂၉။

ယနေ့နံနက် ဆယ်နာရီခန့်တွင် အိုးအိမ် ဦးစီးရုံးရှေ့၌ ဆန္ဒပြသူ အယောက်(၃၀)ခန့်က အခန်းပြန်လည်းရရှိရေးအတွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အခန်းပြန်လည်ရရှိရေး(ဒို့အျေရး)၊ နိုင်ငံသားနစ်နာမှု(အရေးယူပေး)၊ မတရားသိမ်းယူမှု(အလိုမရှိ)စသည့်ဖြင့် ဆန္ဒပြသူ အယောက်(၃၀)ခန့်က ကြွေးကျော် ဆန္ဒပြခဲ့ကြသည်။

“ဦးတို့ အဆောက်အဦးက နှစ်ထပ်ရှိတယ်။ အပေါ်မှာက အ.မ.က (၁) ပန်းပဲတန်းရှိတယ်။ ဦးတို့ ပြောချင်တာက အိုးအိမ်ကို (Up To Date)အခန်းလခ ပေးသွင်ထားတဲ့သူတွေပါ။ ကျူးကျော်ဝင်ရောက်သူတွေ မဟုတ်ပါဘူး။ အခန်း ချထားပေးတဲ့ စာရွက်စာတန်းတွေလည်း ရှိပါတယ်။ ဦးတို့ကတော့ ဦးတို့အခန်း ဦးတို့ပြန်လည်ရရှိဖို့ပါပဲ” ဟုစိန်မောင်က ပြောကြားသည်။

ယင်းကိစ္စမှာ အမှတ် ၆၇၂/၆၈၀ ကုန်သည်လမ်း၊ ၂၈ လမ်းထိပ် အဆောက်အအုံ ၂ ထပ်တိုက်တွင် နေထိုင်ကြသော မိသားစုဝင် လေးစုနေထိုင်သော အဆောက်အအုံကို၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သတ်မှတ်ပြီး ၂၀၁၀ခုနှစ်အတွင် အခန်းရှိနေသူများကို သုံးရက်အတွင်း ဖယ်ခိုင်ပြီး သော့များကို အိုးအိမ်ရုံးသို့ အပ်နှံခဲ့ရကြောင်းနှင့်ယခုအခါ တိုက်အသစ် ဆောက်လုပ်လျက်ရှိသော်လည်း အခွင့်အရေး တစ်စုံတစ်ရာ မရရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုက်အသစ်ဆောက်လုပ်ရန် သုံးနှစ်ကျော် ကြာမြင့်ခဲ့ကြောင်းနှင့် အဆောက်အဦ ဆောက်လုပ်ရာတွင်လည်း အခန်းပိုင်ရှင်များကို အသိပေးဆောင်ရွက်ခြင်း မရှိကြောင်းလည်း မြေညီထပ်တွင် နေထိုင်ခဲ့သူ ဒေါ်သိန်းသိန်းက ပြောကြားခဲ့သည်။

ယင်းအဆောက်အဦကို အောင်ချမ်းသာ ကုမ္ပဏီမှ ဆောက်လုပ်လျှက်ရှိကြောင်းလည်း သိရသည်။ ၎င်းကိစ္စနှင့်ပတ်သတ်၍ သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြထားကြောင်းသိရသည်။

ပိုင်လေး

မြန်မာ့ခေတ်


@ မြန်မာ့ခေတ်

No comments:

Post a Comment