ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာ နယ်စပ်တနေရာတွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၂ သန်းခန့်ကို မူးယစ်ကုန်ကူးသူများထံမှ ကြာသပတေးနေ့က ဖမ်းဆီးရမိကြောင်း ထို...င်း ရဲအရာရှိကြီး တဦးက ပြောသည်။
ရဲဗိုလ်မှူးကြီး ပနူဒတ် ဘွန်ရန်း အား ကိုးကား၍ The Wall Street Journal တွင် ရေးသားထားခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ် (တာချီလိတ်မြို့နှင့် တဖက်) တောတွင်းတနေရာ၌ မူးယစ်အဖွဲ့တခုနှစ် ထိုင်းနယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်ပွားရာမှ မူးယစ်ဆေး သယ်ဆောင်သူ သုံးဦးကို အသေဖမ်းမိကာ ၎င်းတို့ စွန့်ပစ်ထားခဲ့သည့် ကျောပိုးအိတ် ၁၂ လုံးအတွင်းမှ စိတ်ကြွဆေးပြား တသန်း နှစ်သိန်းကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ၎င်းမှာ
ထိုင်းဘတ်ငွေ သန်း ၈၀ ခန့် (ကျပ်သန်း နှစ်ထောင်ခန့်) တန်ဖိုးရှိသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံသို့ စိတ်ကြွဆေးများ သယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့ကို ထိုင်းလုံခြုံရေး တပ်ဖွဲ့က တားဆီးပစ်ခတ်ရာမှ မူးယစ်ဆေး သယ်ဆောင်သူ ၅ ဦး သေဆုံးကာ စိတ်ကြွဆေး နှစ်သိန်းကျော် သိမ်းဆည်းရမိခဲ့သေးသည်။
Mizzima - News in Burmese
No comments:
Post a Comment