Pages

Thursday, 7 February 2013

ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အနှစ်တစ်ရာစကားတစ်ခွန်း

ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အနှစ်တစ်ရာစကားတစ်ခွန်း

ကြည်ရေပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ်။

ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်းကချင်ချင်းကယား တို့ ကတခြား၊ ကွဲကွဲပြားပြား လုပ်နေရင် အကျိုးရှိမှာမဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်းသိနိုင်မယ်၊
************************************************
ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စုသား။
၁၉၄၇ ၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။

၁၉၁၅ ခု ဖေဖေါ်ဝါရီလ (၁၃) ရက် ၊ ဗမာလို ၁၂၇၆ ခု တပေါင်းလဆန်း (၁) ရက် ၊ စနေနေ့မှာ မွေးခဲ့တယ် ၊၊

ငါတို့ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို ၂၀၁၂ ဖေဖော်ဝါရီ(၁၃) ရက်နေ့မှာ အသက် ၉၇ နှစ်ရှိပြီပေါ့ဗျာ........

နောက်ပြီး ငါတို့ဗိုလ်ချုပ်က ထောင်လည်းကျဘူးတယ် ၊ ၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန်အရေး တကြီး အက်ဥပဒေနဲ့ ( ၁၅ ) ရက် ဖမ်းဆီးထောင်ချခံရတယ် ၊၊

နောက်ပြီး နိုင်ငံလွတ်လပ်ရေး အတွက် ( ၁၉၄၁ ) ခု ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ ညတစ်နာရီမှာ ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ

လက်မောင်းသွေး ဖောက်သောက် သစ္စာပြုရင်း BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော် ကို စတင်ဖွဲ့စည်းခဲ့ကြတယ် ။ အဲ့ဒီတုံးက ငါတို့ဗိုလ်ချုပ်က ဗိုလ်တေဇ လို့အမည်ခံတယ် ဗျ...

နောက်ပြီး ငါတို့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းမှာ အမှတ်စဉ် ၅အဖြစ် ကြေငြာခဲ့သေးတယ်ဗျ..

နောက်ပြီး ၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ မှာ ဖက်စစ်ဂျပန်တွေကို ငါတို့ဗိုလ်ချုပ် ဦးဆောင်တွန်းလှန်တိုက်ပွဲဝင်ခဲ့တယ်။

နောက်ပြီး ၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ စာချုပ် လတ်မှတ်ရေးထိုးခဲ့တာကို ကြည့်ရင် ငါတို့ဗိုလ်ချုပ်ဟာ မြန်မာလူမျိုးတွေသာမက

တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ပေါ်လွှင် ထင်ရှားခဲ့တယ်။

နောက်ပြီး ၊ ငါတို့ဗိုလ်ချုပ်က အောင်ဆန်းတွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ ၊ အဖေ့မျက် နှာဖျက် လောဘတက်တဲ့ ဦးအောင်ဆန်းဦးလို သားမျိုး မွေးခဲ့မိပေမဲ့ ၊ ဗမာရော ကမ္ဘာကပါ

ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဖေ့စိတ်ဓာတ် ၊ အဖေ့ သတ္တိ ၊ အဖေ့ အမွေခံ သမီးမျိုး ၊

၊ ငါတို့ဗိုလ်ချုပ်ရဲ့သွေးတွေ ၊ ငါတို့ပြည်သူတွေအတွက် ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ ၊


“ ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းတွေ မွေးရမယ် ” တဲ့ ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ သူရဲကောင်းဖြစ်တယ် ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ အာဇာနည် အစစ်ဖြစ်တယ်။


ငါတို့ဗိုလ်ချုပ်ကို ငါတို့ ချစ်တယ်

ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ကို ဂုဏ်ပြုအပ်ပါတယ်။
ကိုထွန်းဝေစုဆောင်းဖော်ပြပါတယ်။
7.2.2013

No comments:

Post a Comment