Saturday 24 November 2012

ထိုင်းအစိုးရအား သူပုန်မှုဖြင့် အတိုက်အခံများ စွပ်စွဲ ဆန္ဒပြမည်

ထိုင်းအစိုးရအား သူပုန်မှုဖြင့် အတိုက်အခံများ စွပ်စွဲ ဆန္ဒပြမည်
Friday, November 23, 2012
အသောက အသောက အသောက



လက်ရှိ ထိုင်းနိုင်ငံ အစိုးရ ကို သူပုန်မှု (တရားမဝင်) မှုနဲ့ စွပ်စွဲကာ လူအင်အား ၁ သန်းခန့် အထိ ပါဝင်နိုင်မည့် ဆန္ဒပြပွဲ တစ်ရပ်ကို နိုဝင်ဘာလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့ များတွင် ဘန်ကောက် မြို့၌ ပြုလုပ် သွားမည်ဟု ထိုင်း လုံခြုံရေး အရာရှိကြီး တစ်ဦးမှ ပြောသည်။

“နိုင်ငံတော် အစိုးရကို သူပုန်မှု (တရားမဝင်) လို့ စွပ်စွဲပြီး ဖြုတ်ချဖို့ ဆန္ဒ ပြတာ ဖြစ်တယ်၊ လူအင်အား ၅၀၀, ၀၀၀ ကနေ တစ်သန်း အထိ ဆန္ဒပြဖို့ ရှိပါတယ်၊ နှစ်ရက် အတွင်း အစိုးရကို ဖြုတ်ချ နိုင်အောင် ဆန္ဒ ပြကြမှာ ဖြစ်တယ်” ဟု ထိုင်း လုံခြုံရေး အရာရှိကြီး တစ်ဦးမှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။


၎င်း ဆန္ဒပြပွဲအား လက်ရှိ ယိင်လာဒ် ရှင်နာဝါဒ် အစိုးရကို အတိုက်အခံ လုပ်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Pitak Siam Group မှ စစ်ဗိုလ်ချုပ် ကြီးဟောင်း တစ်ဦးက ဦးဆောင် သွားမည် ဖြစ်ပြီး စနေ နေ့မှ စတင်ကာ ရွိုင်ရယ် ပလာဇာ၌ စတင် ဆန္ဒ ပြကြမည် ဖြစ်သည်။

ထို အစိုးရ ကန့်ကွက် ဆန္ဒပြပွဲ ကြောင့် ဗန်ကောက် ဒေသတွင်းရှိ နယ်မြေ (၃) ခုကိုလည်း ထိုင်း အစိုးရမှ အရေးပေါ် ကြေငြာချက် ထုတ်ပြန်ပြီး မဆိုင်သည့် လူများ ဝင်ရောက် လာမှုကို တားမြစ် လိုက်သည်ဟု သိရှိရသည်။ အရေးပေါ် ကြေငြာချက် ထုတ်ပြန် လိုက်သည့် နယ်မြေ များမှာ ဝန်ကြီးချုပ်ရုံး၊ လွှတ်တော် အဆောက်အဦးနှင့် အစိုးရ အရာရှိ အရေးကြီး ပုဂ္ဂိုလ်များ နေထိုင်သည့် နေရာများ ဖြစ်သည်။

အရေးပေါ် ကြေငြာချက် ထုတ်ပြန် လိုက်သည့် ဒေသ (၃) ခု မှာ ဖရနခွန် ဒေသ၊ ဍုဇိတ်စ် ဒေသ၊ ပွမ်ပရာဒ် ဇာဒ်ရူဖိုင်း ဒေသများ ဖြစ်ကြ သည်။ ထို့အပြင် အဆိုပါ အရေးကြီး နေရာများကို ဝင်ထွက် သွားလာ နိုင်တဲ့ လမ်းကြောင်း (၉) ခု ခန့်ကို လည်း နိုဝင်ဘာလ (၂၃) ရက်နေ့ ညနေ လောက်မှ စ၍ ပိတ်ပင် လိုက်ပြီး ဖြစ်သည်။

ယခု ထုတ်ပြန် လိုက်သည့် Internal Security Act (ISA) ဟာ ရှေ့အပတ် သောကြာ နေ့အထိ အကျိုး သက်ရောက်မှု ရှိမည် ဟုလည်း ထိုင်းအစိုးရမှ ထုတ်ပြန် ထားသည်။

နက်ဖြန် စတင်မည့် ဆန္ဒပြမှုဟာ လူအင်အား များပြား သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြမှု တစ်ခု ဖြစ်မည်ဟု Pitak Siam Group ဘက်က ဆိုပါသည်။

“ပြီးခဲ့တဲ့ နှစ်နှစ် တုန်းက ရှပ်နီတွေ ဆန္ဒပြတုန်း ကလို ပစ်ခတ် မှုတွေ မဖြစ်နိုင်ဘူးလို့ ကျွှန်တော် မြင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ အစိုးရ အနေနဲ့ အဲဒီတုန်းက သင်ခန်းစာ ကောင်းကောင်း ယူနိုင်ခဲ့ပြီး ဖြစ်တယ် ဆိုတော့ ဒီအခြေ အနေကို ကောင်းကောင်း ကိုင်တွယ် တတ်မှာပါ၊ ရိုက်မှု နှက်မှု သေးသေး မွှားမွှား ပြသနာ တွေမျိုးတော့ ရှိကောင်း ရှိနိုင်မှာပါ” ဟု ၄င်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အရာရှိကြီးက ဆက်ပြောသည်။

ယခု ဆန္ဒပြ မှုကို ကိုင်တွယ် နိုင်ရန် အတွက် ထိုင်းအစိုးရမှ ရဲအင်အား (၇၀၀၀၀) လောက်ကို အသင့် အနေအထား ပြင်ဆင် ထားပြီး ဖြစ်သည်ဟု ထိုင်းသတင်း ရပ်ကွက်များတွင် ဖော်ပြ ထားကြသည်။

“အင်အား (၇၀၀၀၀) လောက်ဟာ လုံလောက်တယ်လို့ ကျွှန်တော် ထင်ပါတယ်၊ ရှပ်နီ ဆန္ဒပြတုန်းက စစ်တပ်နဲ့ ရဲ စုစုပေါင်း အင်အား (၈၀၀၀၀) လောက် သုံးခဲ့တယ်၊ ပြီးခဲ့တဲ့ နှစ်နှစ် ကပေါ့၊ အခုလည်း မတိမ်းမယိမ်း အနေအထား မှာပဲ ရှိပါတယ်” ဟုလည်း အရာရှိကြီးက ဆက်ပြောသည်။

ယခု ဆန္ဒပြမှု၌ စစ်တပ်၏ ပါဝင် ပတ်သက်မှု အနေအထားကို မမြင်ရ သေးပေ။ သို့သော်လည်း စစ်တပ်ကို အဆင့် (၁) အနေ အထား၌ အသင့် ပြင်ထားရန် ညွှန်ကြား ချက်များ ရှိပြီး အင်အားကို လှုပ်ရှား ရွှေ့ပြောင်း စေရန် အမိန့် မရှိသေးဟု သိရသည်။

ထိုင်းစစ်တပ်တွင် အသင့် အနေအထား ပြင်ဆင်ရန် ညွှန်ကြားချက် (၃) ဆင့် ရှိပြီး အဆင့် (၁) အသင့် အနေ အထားတွင် ရှိရင်းစွဲ အင်အား၏ သုံးပုံ နှစ်ပုံကို ပြင်ထားရန်၊ အဆင့် (၂) အသင့် အနေအထားတွင် ရှိရင်းစွဲ အင်အား၏ လေးပုံ သုံးပုံနှင့် အဆင့် (၃) အသင့် အနေ အထားတွင် အင်အား အားလုံး အသင့် ပြင်ဆင်ရန် ဖြစ်သည်ဟု သိရှိရသည်။

ယနေ့ နံနက်၌ ဝန်ကြီးချုပ် ယိင်လာဒ် ရှင်နာဝါဒ်မှ ဝန်ကြီးချုပ်ရုံးသို့ သွားရောက်၍ နက်ဖြန်၌ ထိုင်း ရုပ်/သံ များ၌ ထုတ်လွှင့်မည့် အပတ်စဉ် အစီအစဉ် အတွက် သွားရောက် ရိုက်ကူး ခဲ့သော်လည်း နိုင်ငံတော် လုံခြံရေး ကောင်စီမှ ဒုတိယ ဗိုလ်ချုပ်ကြီး Paradon Phatthanathabutr
နှင့် ပြည်ထဲရေး ရဲအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Adul Saengsingkaew တို့မှ လုံခြုံရေး အကူအညီ ပေးကာ လုံခြုံရေး ထူထူ ထပ်ထပ် ချကာ သွားရောက် ခဲ့ရသည်။

No comments:

Post a Comment