Pages

Friday, 2 November 2012

သိမ်းယူထားသော လယ်ယာမြေဧက (၃၅၅၀)ဧက အရေး ဆန္ဒပြမယ်



“ ချောင်းဦးမြို့နယ်တွင်းရှိ ပေါက်အင်းစိုက်ကွင်းမှ သိမ်းယူထားသော လယ်ယာမြေဧက (၃၅၅၀)
စစ်ကိုင်းတိုင်းဒေသကြီ၊ မုံရွာခရိုင်၊ချောင်းဦးမြို့နယ် ပခုက္ကူ - မန္တလေးသွားအဝေးပြေးကားလမ်းမကြီး အနီးရှိ ပေါက်အင်းစိုက်ကွင်းအတွက် သိမ်းယူထားသော လယ်ယ
ာမြေဧက (၃၅၅၀)ဧကအား ဒေသခံတောင် သူများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း တောင်သူများအရေးဦးဆောင်လှုပ်ရှား နေသူ ဦးဆန်းလွင်ဆိုသူက ပြောကြားသည်။
“ဒီလ(၃)ရက်နေ့က ဒေသခံတောင်သူတွေ လယ်ယာပြန်လည်လုပ်ကိုင်ခွင့်နဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြသနားခံပြီးဖြစ်ပါတယ်။ ဒီနေ့အထိတော့ အကြောင်းပြန်ကြားချက်ဘာမှမရရှိသေး ပါဘူး” ဟု တောင်သူများအရေးဦးဆောင်သူ ၎င်းက ဆက်လက်၍ ပြောကြားသည်။
အဆိုပါ လယ်ယာမြေများသည် ချောင်းဦးမြို့နယ်တွင်းရှိ ငါးလုံးတင်း၊ မကျည်းခွ၊ တောကျောင်းကြီး၊ ကမ်း နိမ့်၊ ရွှေလှေကျေးရွာအုပ်စုများနှင့် မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာအုပ်စု မှ ဒေသခံတောင်သူများ ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သော ချင်းတွင်းမြစ်ရေ၀င် လယ်ယာမြေမများဖြစ်ကြောင်း သိရှိရသည်။
“တောင်သူတွေလက်ရှိထားလုပ်ကိုင်နေတဲ့ ဦးပိုင်ပေါက်လယ်ယာမြေတွေဖြစ်ပါတယ်။ ကွင်း(၁၁)ကွင်းဖြစ်ပြီး ဧကပေါင်းက (၃၅၅၀)ဧကဖြစ်ပါတယ်”ဟု တောင်သူကြီး ဦးသာလှက ပြောပြသည်။
ဒေသခံတောင်သူများလက်ရှိထားလုပ်ကိုင်စားသောက်လျက်ရှိသော အဆိုပါ လယ်ယာမြေများကို ပြည်သူ့ လုပ်အားနေရာချထားရေး ဦးစီးဌာနက ၁၉၇၄ /၁၉၇၅ ခုနှစ်တွင် ပေါက်အင်းစိုက်ကွင်းမြေများအဖြစ်သိမ်းယူခဲ့ ခြင်းဖြစ်ကြောင်း လယ်ယာမြေသိမ်းဆီးခြင်းခံတောင်သူများထံမှ သိရှိရသည်။
“၁၉၉၃ ခုနှစ်တုန်းက သိမ်းဆီးထားတဲ့လယ်ယာမြေတွေနဲ့ပတ်သက်လို့ စိုက်ကွင်းတာဝန်ရှိသူတွေက နိုင်နင်း အောင်မလုပ်ကိုင်ဘူးဆိုပြီး ကျေးရွာအုပ်စု သုံးအုပ်စုကို ဧက(၁၀၀၀)ပြန်ပေးခဲ့တယ်။ သက်ဆိုင်ရာက ပြန်လည် ပေးအပ်ခဲ့ပေမဲ့ ဧက(၂၅၀)ကိုတော့ မူလလက်ငုတ်လုပ်ကိုင်နေသူတွေထံပြန်ပေးခဲ့တာမျိုးမရှိပါဘူး”ဟု အဆိုပါ လယ်ယာမြေသိမ်းဆီးခြင်းခံ တောင်သူ ဦးမြရှိန် ကပြောပြသည်။
ပေါက်အင်းစိုက်ကွင်းလုပ်ကိုင်ရန်အတွက်ဟုဆိုကာ လယ်ယာမြေများသိမ်းဆီးခဲ့သော်လည်း စိုက်ကွင်းလုပ်ငန်း များအောင်မြင်ဖြစ်ထွန်းမှုနည်းပါးသည့်အတွက်ကြောင့် သက်ဆိုင်ရာက မူလလက်ငုတ်လုပ်ကိုင်ခဲ့သူ တောင်သူ များထံပြန်လည်အပ်နှံရန် လမ်းညွှန်ခဲ့သော်လည်း တောင်သူများထံ အပြည့်အ၀ ပြန်လည်အပ်နှံပေးခြင်းမရှိပဲ ထိုစဉ်က မြို့နယ်ဥက္ကဌ ဆိုသူနှင့် ကျေးရွာဥက္ကဌ ဆိုသူတို့က ၎င်းလယ်ယာမြေအချို့အား ငွေကြေးတတ်နိုင်သူ အ ခြားတောင်သူများထံ ရောင်းချခဲ့မှုကြောင့် မူလလက်ငုတ်လုပ်ကိုင်ခဲ့သူတောင်သူများက ဆုံးရှုံးနစ်နာခဲ့ရသည့်အ တွက် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မုံရွာသတင်းမှ...
ကိုထွန်းဝေ စာမျက်နှာသစ်

No comments:

Post a Comment